🧡အတိတ်မေ့ ခင်ပွန်း🧡Part 7
"ပန်ပန် ကိုယ်မြို့ကို သွားဦးမယ် အကယ်၍ ကိုယ်ပြန်လာတာနောက်ကျနေရင် မင်းဒီကို လိုက်ခဲ့ပါ"
ချမ်းဟာ သူမအား ကဒ်ထူနဲ့ရေးထားတဲ့ လိပ်စာအား သူမကို ပေးခဲ့သည်
သို့သော် သူမဟာ စိတ်ပုံမှန်ဖြစ်တဲ့အချိန်ဖြစ်နေပြီး စိတ်ပုံမှန်မဟုတ်တဲ့အချိန်ဆိုဘာမှမသိတော့တာကြောင့် ပြန်လာတာကြာနေလျှင် လိုက်ခဲ့ဆိုတဲ့အကြောင်းကို မေ့သွားခဲ့ပြီး လိပ်စာရေးထားတဲ့ကဒ်ထူပြားလေးဟာ ခေါင်းအုံးအောက်တွင်သာရှိလို့နေသည်
ချမ်းဟာ ရွာထဲက အဒေါ်ကြီးအား ပိုက်ဆံတွေပုံပေးခဲ့ပြီး သူမကို စောင့်ရှောက်ဖို့ထားခဲ့ပုံရသည်
ထိုအဒေါ်ကြီးဟာ သူမကို အချိန်မှန်ထမင်းကျွေးကာ အတူလည်းအိပ်ပေးသည်
"အော့.....ဝေါ့...."
ပန်ပန် သူမကိုယ်သူမဘာဖြစ်နေလဲမသိပါ အန်ချင်နေတာဘဲသိသည်
"ငါပြောသားဘဲ အဲ့ကလေးမ ဗိုက်ကြီးနေပြီထင်တယ်..."
ပန်ပန်ကတော့ သူမကိုကြည့်ကာ ပြောနေတဲ့ အဒေါ်ကြီးတွေရဲ့ စကားကို မကြားစွာ ခြံရှေ့ကို မျှော်ကြည့်လို့နေသည်
ချမ်းကို သူမမတွေ့ရတာ အတော်ကြာပီ
ဘယ်လောက်ကြာနေပြီလဲသူမမသိပါလတွေဟာ ကုန်ဆုံးလာခဲ့ပေမဲ့ သူမဟာ ချမ်းကိုသာမျှော်နေခဲ့သည်
"တွေ့လား ရှင်တို့တွေဝေနေတာနဲ့ အဲ့ကလေးမ ဗိုက်က ပူလာပီ..."
ရွာထဲကလူတွေဟာ သူတို့အပူတိုးမဲ့ကိစ္စအား ခေါင်းကိုက်လျက်ရှိတာကိုမသိစွာ ပန်ပန်ကတော့ ခြံရှေ့တွင်ထိုင်၍ ချမ်းအား မျှော်နေဆဲပင်
"သူမယောကျ်ားက ထားသွားပြီထင်ပါတယ်အေ..."
"အေးလေ ဒီလိုစိတ်ရောဂါသည်ကို ဘယ်သူက သည်းခံပေါင်းမလဲ"
"မောင်ရေချမ်းကို လူကောင်းလေးလိုပါဘဲ....သူက ဒီကောင်မလေးက ကျောရရုံကြံပြီး ထွက်ပြေးသွားတာတော့မဖြစ်နိုင်ပါဘူး သူတစ်ခုခုဖြစ်သွားတာဘဲဖြစ်မယ်..."
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Lãng mạnစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....