အခန်း (၁၀)

1K 29 0
                                    

#အချွဲလေး

  

        "ဆရာက ကျောင်းအုပ်ကြီးတောင်းဆိုချက်ကြောင့် ကျောင်းအချိန်ဇယားအတိုင်း မင်းလုပ်ရမဲ့စာတွေကို ဝိုင်းစစ်ပေးရမှာ၊ အဲ့ဒါကြောင့် စာကို ဆရာ့အခန်းမှာလာလုပ် နေရာလည်းကျယ်သလို ၊ guideချိန်ပြီးတာနဲ့ရှုပ်ရှုပ်ယှက်ယှက်တွေမဖြစ်တော့ဘူး"

"ဟုတ် ၊ ဒါဆို ကျွန်တော်စာအုပ်တွေယူပြီး လာခဲ့ပါ့မယ်"

"ထမင်းအရင်စားဦးလေ"

"ဟင့်အင်း၊ မဆာလို့"

တနေ့လုံးငိုထားသည်မို့ ကျွန်တော့်မျက်လုံးနားတစ်ဝိုက် နီရဲပြီး မို့အစ်နေသည်။ စားချင်သောက်ချင်စိတ်ပါပျောက်နေတာမို့ ကျွန်တော့်မှာ အချစ်နာကျ၍ မစားနိုင်မသောက်နိုင်ဖြစ်နေရပါသည်။

စာလုပ်နေရင်းတန်းလန်းပင် တစ်ခါတစ်ရံ ကျွန်‌တော့်အတွေးနှင့်ကျွန်တော် မျက်ရည်ကျတတ်‌ေသးသည်။ ကျွန်တော့်ဘက်ကသာ တစ်ဖက်သက်ဆန်ဆန်တစ်ယောက်တည်း ကမ္ဘာပျက်နေတာ မတရားဘူးမလား?။

"ဟေ့ မင်းအဆင်ပြေနေရဲ့လား? စာတွက်နေရင်းနဲ့ ဘာလို့ငိုနေတာလဲ ? မရရင်ပြောလေ တွက်ပြမယ်"

"စာက ရတယ် ၊ ဒီတိုင်း မျက်ရည်ကသူ့ဘာသာကျနေလို့"

"တိတ် တိတ် ...မသိရင် မင်းကို ဆရာညှင်းပန်းနှိပ်စက်တယ်ထင်နေကြဦးမယ်"

ကျွန်တော့် ပါးပြင်ပေါ်က မျက်ရည်တွေကိုသုတ်ရင်း ပွစိပွစိရေရွတ်နေသည်။

"ဟော! ဆရာထိုက် ဘယ်ကတည်းက ရောက်နေတာလဲ ?"

"အင်း ၊ ခုပဲရောက်လာတာ မင်းကျောင်းသား ထမင်းလာမစားဘူးဆိုလို့ ကိုယ်တိုင်လာပို့တာ၊ ထမင်းစားခိုင်းလိုက်ဦး "

ထမင်းပန်ကန်ကို ကျွန်တော်ရှေ့တွင်ချကာ ချက်ချင်းလှည့်ထွက်သွားသည့် ဆရာ။ ကျွန်တော့်မျက်နှာကိုနည်းနည်းမှ ငဲ့မကြည့်သလို၊ ကျွန်တော့်ကို စိတ်ဝင်စားသည့်ပုံလည်းမပေါ်ပေ။

ထမင်းပန်ကန်ထဲတွင် ကျွန်တော်ကြိုက်သည့် အခွံခွာထားသည့် ပုဇွန်ဟင်းက အပြည့်၊ ထမင်းအနည်းငယ်သာထည့်ထားသည်။ ဘေးတွင် ကြက်ဉပြုပ်တစ်လုံးကိုအခွံခွာပြီး နှစ်ခြမ်းခြမ်းထားပေးသေးသည်။

အချွဲလေး [Completed]Tempat cerita menjadi hidup. Temukan sekarang