62.

486 15 1
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(62)

"ကောင်းမင်ထျန်း တို့သွားနှင့်မယ် မင်း ကိစ္စတွေရှင်းပြီးရင် တို့နဲ့‌လာဖြေရှင်းလှည့် "

သူမ လှည့်ထွက်သွားလိုက်တယ်

တလှမ်းနှစ်လှမ်းပဲလျှောက်ရသေးပေမဲ့ သူမတကိုယ်လုံးဟာ လေပေါ်မြောက်တက်သွားကာ သူ့ရဲ့ပွေ့ယူခြင်းကိုခံလိုက်ရတယ်

ပြီးတာနဲ့ ဆိုဖာပေါ် သူထိုင်ချလိုက်တော့ သူမကပါ အလိုအလျှေိာက်သူ့ပေါင်ပေါ်မှာထိုင်ရက်သားလေးဖြစ်သွားရော

ဒါပေမဲ့လဲ သူမ အားအင်ကုန်ခန်းနေသလိုမျိုး သူ့ကို ပက်ကျိလိုတွယ်ကပ်ကာ သူ့လည်ပင်းကြားထဲခေါင်းဖွက်ထားရင်း သူတို့တွေဘာပြောကြလဲ နားစွင့်ထားမိတော့တယ်

"ဘာလို့လာကြတာလဲ မင်းတို့လာတိုင်း နမိတ်မကောင်းဘူး"

"သခင် ဂျပန်ကိုပြန်လိုက်ခဲ့ပါ"

နဲကိုရိတာနဲ့နဲကိုချီတာက တပြိုင်နက် ဒူးထောက်လိုက်ကာ ပြောလာခဲ့တယ်

နဲကိုရိတာကလဲ ကောင်းမင်ထျန်းရဲ့အကြည့်အေးစက်စက်ကြောင့် ပါးစပ်ကလွှတ်ခနဲ ယောကျာ်းလို့ခေါ်ထွက်သွားတာကို တိတ်တဆိတ် နောင်တရနေခဲ့တယ်

အရင်တခါက မသေရုံတမယ်ပဲ သူမ တော်တော်ခံစားလိုက်ရတာ

အဲ့နောက်ပိုင်းမှာလဲ သူမကို တချက်လေးမှ မျက်နှာသာမပေးခဲ့ဘူး သူမ ဘာလုပ်လုပ် သူ ဂရုမစိုက်ခဲ့ဘူးဆိုတာက တချိန်တုန်းက သူမက သူ့အသက်ကယ်ထားဖူးလို့ အကြွေးပြန်ရတဲ့သဘောပဲ အခုတော့ အားလုံးက အတိတ်တွေဖြစ်ခဲ့ပြီ

ဒါပေမဲ့ သူ့ပေါင်မှာ တိတ်တဆိတ်တွယ်ဖက်ထားတဲ့အမျိုးသမီးကိုကြည့်လိုက်မြင်လိုက်ရတော့ သူမ အူထဲအသဲထဲအစာအိမ်ထဲပါမကျန် စိမ်းခါးသွားခဲ့တယ်

သူက အဲ့အမျိုးသမီးကို ခါးက အသာမထားပြီး လက်မောင်းတွေနဲ့တွယ်ဖက်ကာ အပြည့်အဝကာကွယ်ထားခဲ့တယ် သူ့ရဲ့‌ေကာင်းကင်လိုကြီးမားတဲ့အချစ်တွေကိုပိုင်ဆိုင်ထားတဲ့အမျိုးသမီး ဘယ်လောက်တောင်မနာလိုဖြစ်ဖို့ကောင်းလိုက်လဲ

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now