Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရံ့အသက်ရှူသံလေးအပိုင်း(60)
ဂတိပေးပြီးတာနဲ့ သူ့လက်က သူမခါးပေါ်ရောက်လာပြီး သူ့ရင်ခွင်ထဲဆွဲထည့်လိုက်ကာ သူမကိုအရူးအမူးနမ်းရှိုက်လာတော့တယ် သူမအတွင်းစိတ်က အန္တရာယ်များတယ်ဆိုတဲ့အချက်ပြမူ့ကလဲပိုလို့ဆူညံလာပေမဲ့ သူမ မျက်ဝန်းတွေကိုမှိတ်လိုက်ပြီး သူ့ကိုရူးရူးမူးမူးပြန်နမ်းရှိုက်မိတယ်
ဖြစ်နိုင်တာကတော့ အဲ့အချက်ပြသံဟာ သူကအန္တရာယ်ရှိတယ်လို့ပြောချင်တာမဟုတ်ပဲ သူမကိုယ်တိုင်က အန္တရာယ်ရှိတယ်လို့ပြောချင်တာများလား ...
မသိတော့ပါဘူးး......
အဲ့လိုနဲ့ပဲ အခန်းတွင်းရှိလေထုဟာ ဟိုလိုလိုသည်လိုလိုနဲ့သိမ်မွေ့သွားကာ ပြန်လည်နုညံ့သွားတော့တယ်
ရေကျသံသာ အခန်းတွင်းမှာ ကြီးစိုးနေပေမဲ့ လူငယ်နှစ်ဦးကတော့ သဲကြီးမဲကြီးနမ်းရှိုက်လို့နေတယ်
သူမရဲ့ဆံနွယ်တို့ဟာ ရေကြောင့်ကပ်နေပြီး သူ့ရဲ့ဆံပင်တိုကတော့ အနဲငယ်ဖွာလန်လို့နေတယ်
ရေတွေက သူမတို့ရဲ့ခေါင်းပေါ်မှတဆင့် မေးရိုးတလျောက်ကျဆင်းသွားပြီး လျိုမြောင်အသီးသီးဆီ စီးနဝင်ပျောက်ကွယ်သွားခဲ့တယ်
ရေရဲ့အရသာနဲ့ချစ်သူရဲ့အရသာ ပေါင်းစပ်သွားတဲ့အခါ မယုံနိုင်စရာ ရူးသွပ်မူ့ကိုဖြစ်လာစေတယ်
မုယွမ်ယွမ် သူမကိုယ်က မီးတောက်လေးတခုက တိတ်ဆိတ်စွာနဲ့အပူရှိန်မြင့်တက်လာတာကိုခံစားရပြီး သူမကိုယ်က အရင်ကနဲ့မတူစွာ ပူနွေးလို့လာတယ်
သူ့ကိုပိုနမ်းရှိုက်မိပြီး ဦးဆောင်သူက သူမဖြစ်လာခဲ့တယ်
သူကလဲ ရုးသွပ်မူ့တို့မြင့်တက်လာဟန်တူတယ် သူမခါးကိုတင်းကျပ်စွာကိုင်ထားကာ သူမရဲ့အဝတ်တွေကိုတလွှာချင်းချွတ်ပစ်လို့နေတယ်
သူမတို့နှုတ်ခမ်းတို့ဂဟေဆက်ထားရာမှာကွဲကွာသွားတဲ့အခါ တစ်ယောက်ကိုတစ်ယောက် စွဲလန်းစွာကြည့်နေမိကြတယ်
"မ'ကိုချစ်တယ် အရမ်းချစ်တယ် ရူးသွပ်ရတော့မလောက်ချစ်တယ် မ'ကိုချစ်ရလွန်းလို့သေသွားရင် အဲ့ဒါ မ'အပြစ်ပဲသိရဲ့လား "

YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...