Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှုသံလေးအပိုင်း(61)
တကယ်တော့ ကောင်းမင်ထျန်းကသွေးဆိုးတယ် ကြမ်းတမ်းပြီး ဒေါသကြီးကာအေးစက်ပေမဲ့ သူမမှမဟုတ်ရင်ဘယ်သူ့ကိုမှအဖက်မလုပ်တတ်တဲ့လူစားမျိုးပဲ
အဲ့လို မြွေဟောက်လိုလူစားက သူမရှေ့မှာတော့ ကြောင်လေးတစ်ကောင်လို နူးညံ့တဲ့ဘက်ခြမ်းကိုသာပြသလေ့ရှိပြီး သူမကိုထိခိုက်မှာစိုးလို့ လက်သည်းများကိုပါ အမြဲဖွက်ထားလေ့ရှိသူပဲ
ချွဲတတ်နွဲ့တတ်တဲ့အပြင် သူမကိုမချစ်ချစ်အောင်ပြုစားတတ်သေးတာ
အဲ့လို လူဆိုးလေးကိုမှ သူမ ချစ်မိသွားတာပါပဲ
"ဘာတွေတွေးနေတာလဲ ဟင် "
"ဪ....ဘာရယ်မဟုတ်ပါဘူး ကျားပါးစပ်ထဲရောက်သွားတဲ့ကိုယ်ဘာသာကိုယ်နှမြောလို့ ဘယ်လိုကယ်တင်ရမလဲလို့တွေးနေတာ"
"ဟင်! "
အထိတ်တလန့်နဲ့ မျက်လုံးလေးပြူးလာတဲ့ သူ့ကိုကြည့်လိုက်ပြီး သူ့မေးစေ့ကိုသူမလက်ညိုးလေးနဲ့ပင့်မော့လိုက်တာ ဟိုဟိုသည်သည်ဈေးဝယ်သူလိုစေ့စေ့ကြည့်လိုက်ရင်းမှ
"ခက်တာက ဒီကျားကြီးကအရမ်းချောနေတော့လဲ ပါးစပ်ထဲကိုပဲ အလိုလိုခုန်ဝင်ချင်နေတော့တာ ဘယ်လိုလုပ်ကြမလဲ တို့တော့ရူးပြီထင်တယ် "
သူမစကားကိုနားထောင်ရင်း ပြုံးဖီးဖီးဖြစ်လာတဲ့သူက သူမလက်ကိုယူလိုက်ကာ ညင်သာစွာအနမ်းပေးလာရင်း
"ဘယ်ကိုရူးရမှာလဲ လျှောက်ပြောနေတယ် ဖွ.ဖွ..ဖွ... ဒါပေမဲ့ တကယ်လို့ မ'ရူးသွားတယ်ဆိုရင်တောင် ကျွန်တော်က အမြဲချစ်နေဦးမှာ "
"ဟမ့် အပြောကတော့ချိုပါ့"
"တကယ်ပါဗျာ"
သူမမျက်စောင်းထိုးတော့ သူက သူမမျက်ဝန်းထောင့်တွေကိုနမ်းလာတယ် သူမက မျက်လုံးပြူးပြီးနှုတ်ခမ်းကိုက်ပြတော့ သူက သူမနှုန်ခမ်းကိုနမ်းလာတယ် အစကတော့ တချက်ချင်းစီပဲ နောက်တော့ ဘာအရူးထတယ်မသိ သူမခေါင်းကိုစုံကိုင်ပြီး တပြွတ်ပြွတ်နဲ့ တမျက်နှာလုံးအနှံ့နမ်းတော့တာ သူမမှာ မျက်နှာတွေတောင်နာပြီး အသက်ရှူချိန်တောင်မရဘူး ပြီးတော့လဲ မနေနိုင်ပဲရယ်မိလို့ နောက်ကိုပက်လက်တောင်လှန်ကျတယ် ဒါပေမဲ့လဲ သူကတော့ သူမကို ဆက်နမ်းနေဆဲ ယားအောင်ဆက်စနေဆဲပဲ
YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...