အပိုင်း ၄ (unicode&zawgyi)

3.5K 173 1
                                    

  

           ဆရာ ၊ ဆရာမတွေ နားနေဆောင်မှာ အားလုံးစုနေကကြတုန်း ဆရာမကြီး ဒေါ်လှလှမိုးမှ။

''ဆရာမ ခု့နေရတဲ့ အိမ်မှာနေတာ အဆင်ပြေရဲ့လား ဟေမာန်လေးက လိမ်မာပါတယ်။ ဂျစ်ကန်ကန်နေတာလေး တစ်ခုပဲ စိက်ရင်းတော့ အရမ်းကောင်းတာ။''

''ဟုတ်မယ် ဟုတ်မယ် ဒါနဲ့ ဆရာမကြီးက သမီးဟေမာန်အကြောင်းတွေ တော်တော်များများသိမှာပဲ ညီမကို ပြောပြပါလား မဟုတ်လည်း တူတူနေနေရတော့ သိထားရတော့ ပိုပြီးကောင်းတာပေါ့''။

''ဟုတ်တော့ ဟုတ်သား ဟေမာန်လေးက စာတော်တဲ့ကလေးကွဲ့ ပြီးကျ တစ်ကျောင်းလုံးရဲ့ ခေါင်းဆောင်အဖြစ်ရွေးချယ်ခံရတဲ့ကလေး။ ပြောမယ်ဆို ကျောင်းက ဆရာမတွေရဲ့ အချစ်တော် အချစ်ခံလေးဆိုပါတော့ ခု့မှသာ ကလေးက ဝဝကစ်ကစ်လေး ဖြစ်သွားတာ အရင်တုန်းကများ  တကယ့်သေးသေးကွေးကွေးလေး စိက်ကလည်း စပ်သလားမမေးနဲ့ ရန်ဖြစ်ရင်တောင် ဦးခင်အောင်ပဲဟေ့။''

''ဟား ဆရာမကြီးရယ် သာသာပြောပါ ကိုယ့်တပည့်ကို ကလေးက ကျောင်းဆက်မတက်တော့လား ဆရာမကြီး။''

''အွန်း သူဘာကို စိက်ပျက်သွားလဲ ဆရာမကြီးလည်း မသိဘူးရယ် ဆယ်တန်းမှာ နှစ်ဘာသာဂုဏ်ထူးအမှတ်ပါပေမဲ့ တစ်ဘာသာမှာ တစ်မှတ်ပဲ လိုသွားတာ မအောင်ဖြစ်သွားတာ။ ဒီမှာဘယ်လိုမှတက်ခိုင်းလို့မရတော့တာ။အဲ့ဒါသိပြီး ဆက်တက်ချင်စိက် မရှိ့တော့ဘူး ထင်ပါတယ်။ တစ်ခါတည်း ရုံးအလုပ်ဝင်လုပ်တော့တာပဲ ဒါပေမဲ့ တစ်ခုရှိ့တယ်သိလား တီချယ်ရယ်တဲ့ သမီးသာ စာမေးပွဲ ပြန်ဖြေရင် ဆရာမတွေအကုန်လုံးကို ကန်တော့ပြီးမှ အောင်မယ်ထင်တယ်တဲ့ သူအနိုင်ကျင့်ထားတာများနေလို့တဲ့လေ။''

''ဟယ် ဆရာမကြီးရယ် တကယ့် ကလေးဆိုးနော်'။'

''ဟုတ်တယ်ကွဲ့ ကျောင်းမှာ ကလေးနှစ်ဖွဲ့ရန်ဖြစ်ကြတုန်းက ဆရာမကြီးတို့လည်း အစည်းအဝေးခန်းထဲရောက်နေကြတာကွဲ အဲ့ဒါကို ဘာလုပ်တယ် ထင်လည်း ဆရာမရယ် ''

ကိုယ်လည်း မေးလည်း ဆက်ပြရင်းက

''သူလည်း ခွဲမရတဲ့အဆုံး ရန်ဖြစ်တဲ့ နှစ်ဖွဲ့စလုံးကို တုတ်တစ်ချောင်းစီပေးလိုက်ပါရော ချကြဟေ့တဲ့ ငါမနိုင်တော့ဘူးတဲ့။''

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) Onde histórias criam vida. Descubra agora