အခန်း - ၅၂
Lighthouse Of Love 💜 အချစ်မီးပြတိုက်လေး"ခလေးပြီးရင်ထမင်းသွားစားရအောင်လေ"
ဆိုဖာပေါ်ထိုင်နေကာ စာအုပ်ဖက်နေသည့်သူဌေးလူကြီးက လွန်းငယ်ကိုကြည့်၍ စကားဆိုလာလေသည်။ သူဌေးလူကြီးဘေးသို့ဝင်ထိုင်လိုက်ပြီး လက်ကိုဆွဲယူ၍ ကိုင်ထားကာ လွန်းငယ်ခေါင်းလေးငုံ့ထားမိ၏။
"လွန်းငယ်ညကကိစ္စကို တောင်းပန်ချင်လို့ "
"ခလေးကဘာလို့တောင်းပန်ရတာလဲ ခလေးအမှားမှမဟုတ်ပဲ ကိုယ့်ကြောင့် ကိုယ်စိတ်မထိန်းနိုင်လိုက်လို့လေ"
"ညကလန့်ပြီးငိုမိသွားတယ် တကယ်ဆိုလွန်းငယ်မငိုသင့်ဘူးလေဟုတ်တယ်မလား"
"ကိုယ်..."
"လွန်းငယ်နောက်ဆိုမငိုတော့ဘူး လောပန်းကိုလဲမကြောက်တော့ဘူး ဒါပေမယ့် အဲ့လိုတော့ခဏခဏမနမ်းနဲ့ပေါ့"
"အင်း"
"ညကလည်ပင်းကိုကိုက်တော့လန့်သွားတာ ဇာတ်ကားတွေထဲကလိုသွေးစုတ်ဖုတ်ကောင်ကြီးထင်လိုက်မိတာလောပန်းရဲ့ ရုတ်တရက်ဆိုတော့အဲ့တာပဲတွေးမိတာလေ ဟီး..."
"ဟားဟား.. ခလေးကကွာ"
"ဟုတ်တယ် အမလေးငါ့ဘဝလေးတော့သွားပါပြီ သွေးစုတ်ဖုတ်ကောင်ဖြစ်တော့မှာပဲ သေများသေတော့မှာလား ခစ်ခစ်...အဲ့လိုတွေးပစ်လို့ငိုမိသွားတာပါဆို"
"ကိုယ်ကကိုယ့်ကိုလန့်ပြီး ခလေးအရင်လိုမချစ်တော့ဘူးထင်လိုက်တာ ညကလဲခလေးကစကားမပြောဘူးလေ"
"ညကဟုတ်တယ် အဲ့အချိန်ထိသွေးစုတ်ဖုတ်ကောင်ထင်တုန်းပါဆို"
"ဟောဗျာ..."
"အိပ်ခါနီးဖုန်းထဲရှာကြည့်မှ သူများအတွဲတွေလဲအဲ့လိုပဲနမ်းကြတယ်ဆိုတာသိတာ သူတို့လဲဒီလိုအကွက်နီလေးတွေနဲ့လေ ဟုတ်တယ်မလား"
လည်ပင်းအလုံပိတ်အင်းကျီလေးကို ဘေးသို့ဆွဲချ၍ အနီကွက်လေးများကိုပြလေသည်။
"သေချာလား အဲ့တစ်ခုထဲကြောင့်ငိုတယ်ဆိုတာ ခလေးသေချာလို့လား"
ဒီလူကြီး လွန်းငယ်စိတ်ကိုအကုန်သိတာကိုတော့ တကယ်လက်လန်ပါသည်။
YOU ARE READING
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်