"ဟျောင့် မင်းတို့အနိုင့်မကျင့်ကြနဲ့နော်။ငါမြင်ရတယ် ကျောက်ဒိုးကိုပြန်ချထားလိုက်"
"ကိုကြီးကဗျာ တကယ်စားတယ်။သားတို့ဘယ်မှာအနိုင်ကျင့်လို့လဲ။ဒီမှာလည်းသေချာကြည့်ပါဦးဗျ သားကျောက်ဒိုးကဒီနေရာမှာပဲ ကိုကြီးသက်သက်ညစ်တာ..။"
"ငါ့ကိုဆရာလာမလုပ်နဲ့။လူကြီးကဒီလိုဆိုဒီလိုပေါ့ ဘာလဲ?ရှောင်းကျန့်ကိုများလာပြီးတော့...ဟမ့်...ရူးတောင်သွားဦးမယ်"
အိမ်ကလူကြီးက အလုပ်ကိစ္စနဲ့ခရီးထွက်သွားသည်က သုံးရက်မျှကြာမည်လို့ အသိပေးသွားတာမို့ ရှောင်းကျန့်တို့လွတ်လပ်ရေးရနေ၏။
"သခင်လေးရယ် လာပါတော့နော်။ထမင်းစားချိန်လည်းကျော်နေပြီ။အားဆေးလည်းသောက်ရဦးမယ်။သွေးပေါင်ချိန်လည်းတိုင်းရဦးမယ်လို့။"
"ခဏ ခဏလေးပဲ။ဒီတစ်ပွဲတကယ်နောက်ဆုံးပဲ..ကတိ..ကတိ"
ကစားပွဲထဲအာရုံပြန်လည်ရောက်ရှိသွားသော ဝမ်ရိပေါ်ဆိုသော နိုင်ငံတကာလုပ်ငန်းရှင်ကြီး၏အိမ်သူသက်ထားလေး မဟာ့အမွှေနှောက်နိုင်ဆုံးသောရှောင်းကျန့်လေးသည် ဗိုက်ပူနံကားတဖားဖားဖြစ်နေခြင်းကိုမေ့လျော့ကာ ကလေးတွေကျောက်ဒိုးရိုက်နေတာကိုအတင်းဝင်ကစားကာ ဗိုလ်ကျနေတော့သည်။
ဖွားယွင်နှင့်မျန်မျန်သည် သခင်လေးရှောင်းကျန့်၏နောက်တော်ပါးတွင် တောက်တဲ့ကပ်သလိုကပ်နေပြီး ထို့အနောက်တွင်တော့ Black Suit တွေနှင့် ချွေးပြန်နေရသော Bodyguard တစ်သိုက်ကလည်း နေပူပူမှာမတ်တပ်ရပ်နေရခြင်းကို လသာသာထဲမှာဗိုင်းငင်နေရသလိုမျက်နှာထားတွေနှင့် အသင့်အနေအထားရှိနေကြသည်။
"ရေး....ငါကွ။နိုင်ပြီကွ...အာ့ကြောင့် ဒီကိုကြီးကမပြောဘူးလား...ရှောင်းကျန့်ဆိုတဲ့ကိုကြီးကပြိုင်စံရှားငကြွား..အယ်..မှားလို့..။ပြိုင်စံရှားပါလို့..ဘယ်လိုလဲ?ယုံပြီမလားကွ..ဟမ်"
အသံနေအသံထားအမျိုးမျိုးပြောင်းနေပုံက မသိရင် သူ့ကိုယ်သူ ဝင်းဦးဝင်စားတာလိုလို...တွံတေးသိန်းတန်ဝင်ပူးတာလိုလို...ဟသာၤတထွန်းရင်လူလာဖြစ်တာလိုလို...ထိုသို့ဖြစ်အင်ကို သည်းမခံနိုင်သောကလေးလေးတယောက်ကတော့ ဖင်ကုန်းအော်တော့သည်။