13

460 68 5
                                    

unicode

"ဒီနေ့ ကျောင်းကို ဆရာဝန်မလေးရောက်တယ်ဆို"

ချန်းယောလ်မှာ အမေ့ကို လုပ်အားပေးလာတာပါဟု ပြန်ပြောဖို့ အားမရှိ။
ဒါပေမဲ့ ချန်းယောလ်ပြောနေစရာမလို

"လုပ်အားပေးလာတယ်ဆိုကတည်းက စေတနာတွေကောင်းလိုက်တာဟယ်
ချောချောလေးဆို ဟုတ်လား
နေ့လယ်က ဆရာကြီးနဲ့ ခေါက်ဆွဲအေး စားနေတာမြင်တဲ့သူတွေက ပြောတယ်"

ဘတ်ဟျွန်းရောက်တုန်းကသကဲ့သို့ သတင်းများက ပျံ့နှံ့နေပြီးသား

"အင်း"

"ညကျကြိုဆိုပွဲရှိတယ်ဆို"

"အင်း သားပင်ပန်းလာလို့ အပေါ်တက်နားတော့မယ်"

"နေမကောင်းဘူးလား"

"မဟုတ်ပါဘူး ပင်ပန်းတာ"

အမေ့ကို ပြန်ဖြေရင်း အခန်းသို့ တက်လာခဲ့သည်။
အခန်းထဲရောက်တော့ တီရှပ်တစ်ထည်နဲ့ အားကစားဘောင်းဘီ ကောက်ဝတ်လိုက်ကာ ကုတင်ပေါ်တက်ပြီး ခေါင်းမြီးခြုံထားလိုက်သည်။

အိပ်လိုက်မယ်
အိပ်လိုက်ရင် ရင်တစ်ခုလုံးပြည့်သိပ်နေတဲ့
ခံစားချက်‌တွေ နည်းနည်းတော့လျှော့သွားမယ်ထင်တာပဲ

ချန်းယောလ် မအိပ်ခင် ဖုန်းကိုတစ်ချက်စစ်ကြည့်လိုက်တော့လည်း
ဘာmegမှ ပြန်မလာ

သက်ပြင်းချလိုက်ရင်း မျက်လုံးစုံမှိတ်ကာ အိပ်ပစ်လိုက်သည်။

နားထဲတွင် အသံသဲ့သဲ့ကြားနေပေမယ့်
ချန်းယောလ် အသိစိတ်က ပြန်မကပ်သေး

စက္ကန့်အနည်းငယ်ကြာမှ ဖုန်းမြည်သံမှန်း သိသွားပြီး
ဝုန်းခနဲထကာ ဖုန်းကိုင်လိုက်သည်။

ဖုန်းကိုကိုင်လိုက်တော့ မျှော်လင့်ထားတဲ့သူတော့မဟုတ်

"အင်း ပြော"

အားမရှိတဲ့လေသံကြောင့် မင်ဆော့မေးလိုက်သည်။

"အသံကြီးက ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ဘူး ဘာကိစ္စလဲ"

"ဆူဟိုက မင်းကို ခေါ်လိုက်ဆိုလို့"

"ငါ မ‌လာတော့ဘူး"

ထိုစဉ် ဆူဟိုက မင်ဆော့ဆီမှ ဖုန်းကိုယူကာ"

ကျွန်တော့်ရဲ့ ချစ်ရပါသော စာအုပ်ကြီးWhere stories live. Discover now