Sehun's Pov
သူရဲ့သမင်မျက်လုံးနဲ့ သူ့ရဲ့ မျက်နှာလေးက ကျွန်တော့် ရဲ့ ရင်ကိုအေးမြစေတယ်။ မြင်မြင်ချင်းအချစ်ကနေ ၁ နှစ်လောက် သူ့အနောက်လိုက်တာ အဖြေရလာတယ်။
အခုတော့ သူ့ကိုမေ့လို့မရအောင် စွဲနေပြီး။
Lu Lu - Oppa... ဘာလုပ်နေတာလဲ
Sehun - ဒီအတိုင်းပဲ ဟိုဟာ ဒီဟာ
Lu Lu - သွားရအောင် Soo ခေါ်နေလို့
Sehun - အော အင်း
Lu Lu - Kai Oppa လည်းပါတယ်
Sehun - နင်အဲဒီအကောင်ကိုတွေ့ရတာ အဲလောက်တောင်ပျော်လား
Lu Lu - Oppa!! အဲလိုအမြဲလုပ်နေမှာလား
Sehun - ငါ့အရှေ့မှာမပျော်နဲ့
Lu Lu - အင်းပါ နောက်ဆိုအမြဲငိုနေပါ့မယ်
Sehun - အဲလိုလည်းမဟုတ်ပါဘူး
Lu Lu - တော်ပြီးသွားတော့မယ်
Sehun - Lu Lu
သူ့ပြေးသွားတာလိုက်လို့ကိုမမှီဘူး
Kai - နင်ဘာတွေထပ်ပြောလိုက်သေးလဲ Lu Lu ကို
အဲဒီ Kai ဆိုတဲ့ အကောင်ကို ကြည့်လို့ကိုမရဘူး
Sehun - မင်းနဲ့ဘာဆိုင်လဲ
Kai - ဆိုင်တယ် မင်း Lu Lu ကိုဘာတွေထပ်ပြောလိုက်ပြန်ပြီးလဲ
Sehun - မင်းပါးစပ်ပိတ်ရင်ပိုကောင်းမယ်
Kai- မင်း Lu Lu နဲ့ ငါ့ကိုအထင်ထပ်မလွဲရင် ကောင်းမယ
Sehun - ငါဘယ်တုန်းကအထင်လွဲလို့လဲ
Kai - ငါအကုန်သိတယ်နော်
Sehun - ငါ့ဒေါသကိုလာမဆွနဲ့
အဲဒီအကောင်က ငါ့ဒေါသဆွတဲ့ နေရာမှာ ဆရာကြီးပဲ
အခုတော့ Lu Lu ကိုသွားရှာရဦးမယ် ချော့ရမယ်လေ
သူ့အိမ်ကိုသွားပြီး ဘေလ် နိုပ်တာ မထွက်လာသေးဘူး
ဘေလ်ကိုခဏခဏနိပ်တာ အသံဘာမှပြန်မကြားရဘူး
Sehun - Lu Lu yah.. Oppa ကတောင်းပန်ပါတယ် စိတ်ဆိုးပြေပါတော့
တံခါးကိုခေါက်တာ အချိန်ပေါင်းများနေပြီး မထွက်လာနိုင်သေးပါဘူး
ဖုန်းဆက်ကြည့်မှပဲ ၀၁၀------
*လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာပြန်လည်ဖြေကြားခြင်းမရှိပါ၍ခေတ္တစောင့်ဆိုင်းပြီးမှ...*
ဘာတွေဖြစ်နေတာလဲ မသိဘူး Soo ကိုဖုန်းဆက်ကြည့်မှ
Sehun - Hello.. Soo လား
Soo - အော Sehun Oppa ပြော
Sehun - Lu Lu ကိုတွေ့မိသေးလား
Soo - သူ့ကို အစ်ကို့ကိုသွားခေါ်ခိုင်းတာပျောက်သွားတယ် ထပ်ရန်ဖြစ်တာလား
Sehun - မဟုတ်ပါဘူး
Soo - ပြီးရင် Kai Oppa ကော တွေ့မိလား
Sehun - ဘာ Kai? အင်း အခုဏ...
ဟိုအကောင်က ငါ့ Lu Lu အနောက်လိုက်သွားတာလား
Sehun - Soo.. ငါသွားစရာရှိသေးလို့ ဒါပဲနော်
ဖုန်းထဲမှာ Kai နံပါတ်ရှာလိုက်တယ်
Sehun - Hello...
Kai - အင်း ပြော
Sehun - နင်အခု Lu Lu နဲ့ ရှိနေတာလား
Kai - အင်း ဟုတ်တယ်
ဘာ ငါ့ Lu Lu က အဲဒီအကောင်နဲ့
Sehun - မင်းတို့ဘယ်မှာလဲ ငါလာခဲ့မယ်
Kai - ငါတို့က ..
Lu Lu - (ဘယ်သူလဲ Oppa?)
Kai - အော Sehun..
Lu Lu - (မပြောနဲ့ ချလိုက်)
Sehun - Lu ကိုဖုန်းပေးလိုက်
Kai - သူမကိုင်နိုင်ဘူး
Sehun - ဖုန်းပေးလိုက်ပါဆို ဟယ်လို ဟယ်လို
အဲဒီအကောင်ကတော့လေ အခု Lu Lu ကိုဘယ်မှာသွားရှာရမလဲ မသိတော့ဘူး။
ဒါကကျွန်မရဲ့ပထမဦးဆုံး Fanfic ဖြစ်တဲ့ အတွက်ကြောင့် မကောင်းသောအရာများ ရှိရင် ခွင့်လွှတ်ပေးပါလို့