အခန်း (၁၁)

1K 24 0
                                    

#အချွဲလေး

             

       "လေသွေး ၊ မင်းအဆင်ပြေရဲ့လား ? ခုနောက်ပိုင်း မင်းပြောင်းလဲသွားသလိုပဲ"

"ဘယ်မှာပြောင်းလဲလို့လဲ ? ငါက ပုံမှန်အတိုင်းပါပဲ"

"ငါတို့အတူတူနေလာတာကြာပြီး နင့်အကြောင်းမသိရင်ခက်မယ်"

"ဟုတ်တယ်၊ မင်းတခြားလူကိုညာလို့ရချင်ရမယ် ငါတို့ကိုတော့မရ‌ဘူးနော်"

"အေးပါကွာ၊ ငါပြောင်းလဲတာ ငါမသိပေမဲ့ မင်းတို့ကတော့ သိတယ်ဆိုပါတော့..."

ကျွန်တော် စာအုပ်ကို ကုတင်ဘေးအသာလေးချကာ ဘေးနားဝိုင်းအုံလာသည့် အခန်းဖော်ကို ရုပ်တည်ကြီးဖြင့် ကြည့်နေမိသည်။

"မင်း ဆရာထိုက်ကို သိသိသာသာရှောင်နေတာလေ"

"မရှောင်မိပါဘူး ဒီအတိုင်း စာတွေများလာတာ မင်းတို့လည်း တွေ့နေ မြင်နေရက်သားနဲ့"

"သူ့ကိုမေးမနေပါနဲ့ ၊ချက်ကျလက်ကျနဲ့ ဖင်ပိတ်ငြင်းနေမှာသူက...၊ ဒီနေ့ရော ထမင်းကို ငါတို့နဲ့ စားဖြစ်မှာလား?"

"ဆရာမျိုးကိုနဲ့ပဲစားဖြစ်တော့မယ် ထင်တယ် ၊ ပြောရင်းဆိုရင်းနဲ့ လာခေါ်နေပြီး"

ခုနောက်ပိုင်း ကျွန်တော် ဆရာမျိုးကိုနဲ့အတော်ပင်ရင်းနှီးလာပါသည်။  ဆရာ့ကို တမင် ရွဲ့တာ မဟုတ်သလို ၊ ဆရာကို တမင်ရှောင်ချင်၍ ဆရာမျိုးကိုနှင့် နီးနီးကပ်ကပ်နေခြင်းလည်းမဟုတ်ပါ။

ခုနောက်ပိုင်းစာတွေများလာသလို ဆရာ့အကြောင်းမတွေးမိအောင် အားလပ်ချိန်မရှိသည်အထိ ကျွန်တော်စာလုပ်နေမိသည်။

ဆရာ့အငွေ့အသက်၊ နွေးထွေးမှု၊ ဂရုစိုက် ကြင်နာမှုကအစ ကျွန်တော် အသက်ရှူတိုင်းလွမ်းနေပေမဲ့ ကျွန်တော့်ကို ထူးချွန်ကျောင်းသားတစ်ယောက်မို့ ထိုသို့ဂရုစိုက်ကြင်နာပြသည်ကိုတွေးမိတိုင်းရင်နာရသည်။

စာထဲအာရုံစိုက်နေရင်းနှင့်ပင် ဆရာ့အကြောင်းတွေးမိ၍ ကျွန်တော် အတန်ကြာ ငြိမ်ကျနေမိ၍ထင်သည်။ ဆရာမျိုးကို ကျွန်တော့်နောက်ကျောကနေ စာရေးနေသည့် လက်ကို ဖွဖွလေးအုပ်ကိုင်ကာမှ အသိဝင်လာပါသည်။

အချွဲလေး [Completed]Opowieści tętniące życiem. Odkryj je teraz