အခန်း - ၅၃
Lighthouse Of Love 💜 အချစ်မီးပြတိုက်လေး"ဟယ် လွန်းလေး"
"ဘာဖြစ်လို့လဲမမသီ"
"လည်ပင်းကအဆင်ပြေရဲ့လား"
"ပြေပါတယ်မမရဲ့ အကောင်းကြီးကို အယ်..."
မမတွေဆီအလည်သွားရင်းဖြင့် ခေါက်ဆွဲပြုတ်သောက်ပြီးပူလို့ ကြယ်သီးလေးတစ်လုံးဖြုတ်လိုက်မိသည့်အခါ အကိုက်ခံထားရတာတွေပေါ်သွားပြီဖြစ်သည်။ မမသီထအော်၍ အလျှင်အမြန် ကြယ်သီးလေးပြန်တပ်လိုက်ပေမယ့်လဲ မြင်သွားကြပြီမို့ ရှက်ရပါသည်။
"မမတို့လဲရည်းစားထားဖူးပါတာပဲ ဒီလောက်ကဖြစ်တတ်ပါတယ်"
"မမကလဲ..."
"လွန်းလေးရှက်နေမှာဆိုးလို့ မမတို့ကပြောပြတာပါတော်"
"ဟုတ်သားပဲ ရှက်နေရင်လဲ မမြင်ဘူးပဲသဘောထားလိုက်ပေါ့နော့ မမတို့မမြင်ဘူးနော်"
မမများဝိုင်း၍စနေကြသည်မို့ ဂါဝန်စလေးကို အကြောင်းမဲ့ ဆုတ်ချေနေမိသည့်လွန်းငယ်မှာ နဂိုအပူရှိန်ထက် ပိုတိုး၍ပူနေပြီဖြစ်သည်။
"လွန်းလေး သိချင်တာလေးမေးကြည့်မယ်နော်ရလား"
မမဝဒီကို လွန်းငယ်ခေါင်းလေးငြိမ့်ပြလိုက်သည်။
"CEO ကြီးကအရမ်းဆိုးတာပဲလားလွန်းလေး"
"ဟင်...မမဝဒီကမေးခွန်းကြီးက ဘယ်လိုကြီးလဲ"
"အရာကနှစ်ခုကြီးတောင်မလို့မေးကြည့်တာပါ ပြီးတော့နဲနဲသိချင်လို့ ဟဲဟဲ..."
မျက်နှာပြောင်ကာ မေးနေသည့်ဝဒီကြောင့် သီသီတို့မှာလွန်းလေးကိုအားနာရသည်။ လွန်းလေးကတော့မျက်နှာလေးရဲလို့ ရှက်နေပုံမှာခေါင်းကိုပါငုံ့ထားလေသည်။
"ပေါက်ကရေအတော်မေးတာပဲဝဒီရယ် CEO သိရင်အလုပ်ထုတ်ခံရမယ်နော်"
"သိချင်လို့ပါသီရဲ့ CEO ကြီးကလွန်းလေးနဲ့ဆိုစကားတွေချိုပြီး အရမ်းဂရုစိုက်တာလေ ဝဒီတို့ကအားကျနေရတာ အဲ့လိုလူက နမ်းရင်လဲဘယ်လိုနမ်းလဲဆိုတာသိချင်သွားတာ ဟီးဟီး..."
ဝဒီတို့ကတော့ စပ်စုရမယ်ဆို ရှက်ရမှန်းလဲမသိ အကုန်ကိုစုပ်စုတော့တာပါလားလေ။
YOU ARE READING
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်