ကိုယ့် ချစ်သော...အတွက်(ကိုယ့် ချစ်သော...အတွက်)

31 4 4
                                    

ချစ်သောကိုပြောပြချင်တဲ့ပုံပြင်လေးတစ်ပုဒ်ရှိတယ်။

ပုံပြင်လေးကျီးတစ်ပုံကိုပိုင်ဆိုင်ထားတဲ့ ခွေးတစ်ကောင်ကစခဲ့တယ်။
တစ်ခါတုန်းကခြံတစ်ခြံမျှာီးတစ်ပုံကို ရထားတဲ့ခွေးတစ်ကောင်ရှိတယ်။ သူက သူ့ ပိုင်ဆိုင်မှုကို သူများလာလုမယ်လို့ အမြဲထင်နေသတဲ့။ အဲဒီအချိန်မှာပဲ နွားတစ်ကောင်ဖြတ်သွားတာတွေတော့ သူပိုင်ဆိုင်တာကိုလာခိုးမယ်ထင်ပြီး နွားကို ရန်လုပ်တော့တာပေါ့။

ဒီတော့ နွားက
"ငါကနင့်အစာကို အရင်ကလည်းမစား၊ ခုလည်းမစား၊ နောင်လည်းမစားပါဘူး"
လြို့ပန်ပြောသတဲ့။ နွားကဘာပဲပြောပြော ခွေးကတော့ နားမဝင်ပါဘူး။ သူ့စိတ်ထဲမှာသူ့အစာကို လာလုတယ်ပဲ ထင်နေတာကိုး။ ဒီလိုနဲ့ပဲ ခွေးနဲ့နွားရဲ့အငြင်းအခုံဟာ တစ်ခြံလုံးကို သတင်းပြန့်သွားတော့တယ်။

ဒါကိုကြားတော့ ဆိတ်က စဉ်းစားတယ်။
"ခွေးကသာနွာျးီးစားတယ်​ပြောတာ နွားကျီးကိုစားတာ ငါတစ်ခါမှမကြားဖူးဘူး၊ မြင်လည်းမမြင်ဖူးဘူး၊ ဖြစ်နိုင်ပါမလား"
လို့ တွေးလိုက်တယ်။

ဒါကိုကြားတဲ့ကြက်က
" နွားကအရင်တုန်းက မစားပေမဲ့ ခုစားရင်စားမှာပေါ့
"
လို့တွေးသတဲ့။

မြင်းကတော့
"သူစားရင်တော့ ငါတို့မတွေ့ပဲနေမှာမဟုတ်ပါဘူး၊ တစ်နေ့မဟုတ်တစ်နေ့တော့ တွေ့မှာပဲ"
လို့တွေးပြန်သတဲ့။

ဝက်ကကျတော့
"ဒီလောက်ကောင်းတဲ့ဟာကို နွားကမစားဘူးဆိုတာ ငါတော့မယုံဘူး သူစားကိုစားရမယ်"
လို့တွေးလိုက်သတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ ချစ်သော...ရေ။

ချစ်သော...ရဲ့ဘဝမှာ အထင်မှားခံရတာတွေ စွပ်စွဲခံရတာတွေရှိလာခဲ့ရင် ဒီပုံပြင်လေးကို သတိရလိုက်ပါနော်။
ကိုယ့်ဖက်က ဘယ်လိုပဲမှန်ကန်နေပါစေ သူလုပ်နိုင်သလားလို့တွေးဖို့ထက် ငါဆိုရင်လုပ်မှာပဲလို့တွေးတဲ့ ဝက်လိုလူလည်း ကြုံရတတ်တယ်။ တစ်ချို့က ဘယ်အရာမဆို ကိုယ်နဲ့နှိုင်းပြီးမှတွေးတတ်တာကိုး။
ဟုတ်ဟုတ်မဟုတ်ဟုတ် အတင်းလုပ်တတ်တဲ့ ကြက်လိုလူနဲ့လည်းကြုံရနိုင်သလို သူတစ်ပါးအကြောင်းကို သေချာမသိပဲ လက်လွတ်စပယ်မပြောတတ်တဲ့ သူမျိုးတွေလည်း ချစ်သော... နားမှာ ရှိနေမှာပါပဲ။

You've reached the end of published parts.

⏰ Last updated: Jun 19, 2023 ⏰

Add this story to your Library to get notified about new parts!

ကိုယ့် ချစ်သော...ဖတ်ဖို့Where stories live. Discover now