Chapter 8
[လော့၀မ်ချွမ်း]:"?"
[ခဲ့လီ]:"ရပြီ၊ ဘာမှမဟုတ်တော့ဘူး၊ မင်းအလုပ်များနေတာပဲ"
ယွမ်ရှင်းကျဲ ကိရိယာသေတ္တာထဲမှ စကန်ဖတ်သည့်ပစ္စည်းကိုထုတ်ယူလိုက်သည်။ မက်ခါသိမ်းသည့်ကုဗတုံးအားအပေါ်တင်လိုက်လျှင် အတွင်းမှမက်ခါပုံရိပ်ယောင်ကသူ၏မှတ်ဥာဏ်တုထဲတွင်တိုက်ရိုက်ထွက်ပေါ်လာတော့သည်။
ခဲ့လီလည်းယွမ်ရှင်းကျဲ၏ကျွမ်းကျင်သောလုပ်ဆောင်မှုအဆင့်ဆင့်ကိုမြင်လျှင် သူ၏အမူအယာကအနည်းငယ်လေးနက်လာခဲ့သည်။ယွမ်ရှင်းကျဲသည်အလင်းမျက်နှာပြင်ကိုကြည့်လျက် မက်ခါကိုယ်ထည်မှဒေတာများအားသေချာပိုင်းခြားလိုက်သည်။
လုပ်ဆောင်မှုအဆင့်ဆင့်မှာ ချောမွေ့နေပြီး လျင်မြန်စွာပြီးသွားခဲ့သည်။ အချက်အလက်များကိုဖြည့်ပြီးသည်နှင့်သူက ခဲ့လီအားကမ်းပေးလိုက်သည်။
"ပြသနာကကြီးကြီးမားမားတော့မဟုတ်ပါဘူး၊
တချို့အပိုင်းလေးတွေ အဆင့်မြှင့်ဖို့လိုနေတာ၊ အခုချက်ချင်းပဲ အစားထိုးပေးလိုက်မယ်"ခဲ့လီလည်း မွမ်းမံရေးလုပ်ဆောင်ချက်အဆင့်ဆင့်ကိုဖော်ပြထားသည်ကိုကြည့်လျက် ဤအိုမီဂါလေးမှာ မက်ခါအကြောင်းအမှန်တကယ်နားလည်သည်ကိုတော့ လက်ခံလိုက်ရသည်။ ထို့နောက်တွင် ယွမ်ရှင်းကျဲသည် မက်ခါအားထိုင်လျက်သား ပုံစံဖြင့်အပြင်သို့ထုတ်လိုက်သည်။ ထို့နောက်တွင် စက်လှေကားတစ်ခုကိုထုတ်ယူလိုက်၏။
မက်ခါမှာ အလယ်အလတ်ဆိုဒ်ဖြစ်ကာ အပြည့်အ၀ရပ်နေလျှင် ဆယ်မီတာခန့်မြင့်လေသည်။ ထိုင်နေလျှင်မူ၆မီတာခန့်ဖြစ်သည်။ ယွမ်ရှင်းကျဲလည်း စက်လှေကားပေါ်တက်လျက် ကိရိယာများကိုအသုံးပြုလျက် အသားထိုးရန်လိုအပ်နေသော အပိုင်းများကို ကျင်လည်စွာဖြုတ်လိုက်သည်။ ထို့နောက်တွင် အဆင့်မြှင့်ထားသော ပစ္စည်းများကို နေရာတကျတပ်ဆင်လိုက်လေသည်၊ ထိုလုပ်ဆောင်မှုအဆင့်ဆင့်မှာ ၁၀မိနစ်သာကြာမြင့်ပြီး ထိုအချိန်အတွင်းတွင် ယွမ်ရှင်းကျဲလည်းဤမက်ခါမှာ လေ့ကျင့်ရေးခန်းမတွင်ပြသထားသော ပုံရိပ်ယောင်မက်ခါဖြစ်ကြောင်းအတည်ပြုလိုက်မိသည်။

YOU ARE READING
အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)
FantasyDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...