Chapter 44
စုကျီနန်ကလည်း အံ့အားသင့်စွာဖြင့်ပါးစပ်ကို အုပ်လိုက်သည်။ လော့ဝမ်ချွမ်း...သူဒါကိုဘယ်ကသိလာခဲ့တာလဲ...
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲဘက်သို့လှည့်ကာ "ညီလေးယွမ်...ငါတို့ ခဏလောက်စကားပြောလို့ရမလား...."
ယွမ်ရှင်းကျဲက ရုတ်တရက်ဖြစ်သွားသော အဖြစ်အပျက်ကြောင့် ထိတ်လန့်နေဆဲပင်။ သူက လော့ဝမ်ချွမ်းခေါ်လိုက်မှသတိပြန်ဝင်လာကာ...
"ရတာပေါ့...."
ရုံးခန်းမှထွက်လာသည့်အချိန်တွင် ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းနှင့်ခပ်လှမ်းလှမ်းမှ လိုက်ပါလာခဲ့သည်။
လော့ဝမ်ချွမ်းက စင်္ကြံထောင့်ဆီသို့လျှောက်သွားပြီးနောက် ယွမ်ရှင်းကျဲကိုလှည့်ကြည့်လိုက်သည်။
"စီနီယာလော့...ကျွန်တော့်ကိုကူညီပေးတာကျေးဇူးတင်ပါတယ်..."
ယွမ်ရှင်းကျဲက လေးနက်သောအမူအရာဖြင့်ပြောလာသည်။
"ကျွန်တော့်အတွက် သက်သေခံခိုင်းချင်ပေမယ့် အထောက်အထားတွေပါရှာလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး...ဒါနဲ့ ဒီအကြောင်းကို ဘယ်လိုသိတာလဲ...."
"ဆရာကျိုးက ငါ့ကိုပြောတာ..."
လော့ဝမ်ချွမ်းက တည်ငြိမ်စွာရှင်းပြလာသည်။
"အဲ့ဒါနဲ့လမ်းတစ်လျှောက်က ကင်မရာတွေကိုစစ်ဆေးကြည့်ခဲ့တာ..."
ယွမ်ရှင်းကျဲက အသက်ပြင်းပြင်းရှူလိုက်ကာ...
"ကျွန်တော် ခင်ဗျားကိုဘယ်လိုကျေးဇူးဆပ်ရမယ်မှန်းမသိဘူး...ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျားမက်ခါကို အခမဲ့မွမ်းမံပေးခွင့်ရချင်ပါတယ်...သီးသန့်မက်ခါပြင်ဆရာဆိုတာကတော့..."
"အခုချက်ချင်းအဖြေပေးစရာမလိုပါဘူး..."
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို မျက်ဝန်းများမှေးကျဥ်း၍ စိုက်ကြည့်လိုက်သည်။
“ကိုယ်မင်းကို သီးသန့်မက်ခါပြင်ဆရာအဖြစ်ငှားချင်တာကြာပါပြီ...ဒါပေမယ့်အခုကတော့ မင်းကိုကူညီဖို့သက်သက် အဲ့တာကိုထည့်ပြောလိုက်တာပါ...”

YOU ARE READING
အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)
FantasyDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...