"ချွဲဆူဘင်း!!!!"
ချွဲဆူဘင်းရဲ့ မင်္ဂလာရှိတဲ့မနက်ခင်းလေးကိုထုံးစံအတိုင်း ချွဲဘောမ်ဂယူရဲ့အော်သံနဲ့စတင်ခဲ့ရပါတယ်။
"ဘာလဲကွာ ဂန်ထယ်ဟျွန်းကပစ်သွားလို့ သေမလို သူများအိမ်ထဲထိလာပြီး လူကိုနှိပ်စက်နေတာလား"
ဆံပင်ထိုးထိုးထောင်ထောင်အိပ်မှုံစုတ်ဖွားနဲ့ အခုမှအိပ်ရာထလာတဲ့ချွဲဆူဘင်းက သူ့ရဲ့အဖိုးတန်အိပ်ချိန်တွေကို ဖျက်စီးခံလိုက်ရလို့ ဒေါခီးနေပြိီဆိုတာ ကြည့်ရုံနဲ့တင်သိနေေလပြီ
"ဖွဟဲ့ ထယ်ဟျွန်းနီးကပစ်စရာလားကွ ပစ်ခြင်းပစ် မင်းကိုပဲ ယောန်ဂျွန်းနီးဟျောင်းကပစ်မှာပေါ့"
"ချီးလိုပဲ ချွဲဘောမ်ဂယူ နမိတ်မရှိတာတွေလာမပြောစမ်းနဲ့ သွားပြန်တော့ကွာ အစောကြီးအိပ်ရေးပျက်တယ်"
"နာရီလေးဘာလေးကြည့်ပါဦး ဒါကလူအိပ်ချိန်လား"
"လူအိပ်ချိန်ပဲလေ အခုမှအစောကြီးရှိသေးတာကို"
"မနက်၁၀နာရီကစောတာလားကွ"
"ငါ့အတွက်တော့စောတယ်လေကွာ"
"အေးပေါ့ အဲ့လိုဝီရီယ လုံးလမရှိပဲ နေဖင်ထိုးတဲ့အထိအိပ်နေလို့ ယောန်ဂျွန်းနီးဟျောင်းကပြန်မကြိုက်တာ မင်းကတော့ အိပ်ကောင်းနေတုန်း ယောန်ဂျွန်းနီးဟျောင်းကတော့ လုံးလဝီရီယရှိတဲ့လူနောက်ပါသွားရှာပြီ"
"ဘာပြောလိုက်တယ် ပြန်ပြောလိုက်စမ်း"
"မင်းကြားလိုက်တဲ့အတိုင်းပဲလေ"
"လျှောက်ပြောမနေနဲ့နော် မင်းပြောသမျှကိုငါကယုံရမှာလားကွ"
ကုတင်ပေါ်ကနေ မျက်နှာကြီးရဲပြီး ရှူးရှူးရဲရဲနဲ့ဒေါသထွက်နေတဲ့ ချွဲဆူဘင်းပုံစံကရီချင်စရာ သူများရဲ့အဖိုးတန်ဒိတ်ကလေးတုန်းကလိုက်ဖျက်ထားပြီး ဒီလောက်လေးပြန်ဒုက္ခပေးရတာက ပါးပါးလေးသာရှိသေးသည် ဖြစ်နိုင်ရင် ချွဲဆူဘင်းကို ဒီထက်မက ပိုကလိပေးချင်တာ တစ်ယောက်တည်းရှိတဲ့သူငယ်ချင်းလေးမလို့ စိတ်ကင်ဆာတွေကိုဒီထက်မကလည်း ပိုပေးချင်သေးတာက ချွဲဘောမ်ဂယူရဲ့စိတ်ထားလေးတစ်ခုသာ။