ဒီလိုနဲ့ ယူဂျင်းနဲ့ ဂယူဘင်း တို့ ရေဒီယိုကနေ တစ်ဆင်းဆက်သွယ်နေကြတာ တစ်လနီးပါးလောက်ရိှနေပြီ အချင်းချင်း တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ ခံစားချက်တွေကိုတော့ မပြောဖြစ်ကြဘူးပေါ့
"ဟန်ယူဂျင်း ဟျောင့် ဟန်ယူဂျင်း"
"ဟမ် ဗျာ အော် ဦးလေး ရောက်နေတာကြာပြီလား"
"ခေါ်နေတာကြာပြီ တံခါးခေါက်လဲ အသံမပြု ဘာတွေတွေးနေတာလဲ"
"ဒီအတိုင်းပါ ကိစ္စလေးတစ်ခု"
"ဘာလဲ ချစ်သူတွေ ဘာတွေရနေပြီလား"
"ဟူးးး"
ယူဂျင်း မငြင်းမိပဲ သက်ပြင်းသာချလိုက်မိပါတယ်
"ဟ ငါ့တူ တစ်ကယ် ရည်းစားပူမိနေတာပဲ"
"ဦးလေးဘာလာလုပ်တာလဲ လာရင်းကိစ္စကိုပြောပေးပါလား"
"အမလေး ဦးလေးကိုတောင် နှင်ထုတ်နေပြီ"
"မဟုတ်တာတွေ ဆက်ပြောမှာဆို ကျတော်သွားတော့မယ်"
"ဟေးး စိတ်ထိန်းပါ မေးမလို့"
"မေးလေ"
"ဟန်မ် ရေဒီယိုကို ဘာလို့ယူထားတာလဲ"
"သုံးချင်လို့"
"ပျက်နေပြီမဟုတ်ဘူးလား"
"ဟင့်အင်း"
"သုံးလို့ရတာလား"
"အင်း"
"တစ်ကယ် ဘယ်သူနဲ့စကားပြောဖြစ်လဲ"
"ကင်ဂယူဘင်းနဲ့"
"ဘာ!!"
ဦးလေးဖြစ်သူရဲ့ အသံကြောင့် ယူဂျင်း လိပ်ပြာလွင့်မတတ်ပါပဲ
"ဖြေးဖြေးပြောပါဗျ ဟမ်"
ယူဂျင်း အခုမှသတိထားမိလိုက်တာ သူ ဂယူဘင်း နာမည်ပြောမိလိုက်တာပဲ
*မင်းကတော့ရူးနေပြီ ဟန်ယူဂျင်းရေ*
"ဟန်ယူဂျင်း မင်းဘာပြောလိုက်တယ်"
"ကျတော် ဘာပြောလို့လဲ ဘာမှမပြောပါဘူး"
"မင်းခုနက ပြောလိုက်တဲ့နာမည်လေ"
"ဘာနာမည်လဲ ကျတော်သွားတော့မယ်"
"ဟန်ယူဂျင်း ဟျောင့်"