Chapter 75
ေအာ်ရီရယ်၏ကံမှာအတော်လေးကောင်းသည့်ပုံပင်။ သူရင်ဆိုင်ရမည့်ပြိုင်ဘက်များမှာ အလွန်အားကောင်းသည့်အထဲမပါကြပေ။ သူကိုယ်တိုင်သည်လည်း အေအဆင့်မှ ယခုပြိုင်ပွဲအတွင်းအေ+အဆင့်တိုးမြင့်ခံရသူဖြစ်သောကြောင့် သူ့၏ရမှတ်မှာအဆင့်မီသွားကာ ကျောင်းအဖွဲ့သို့အစားထိုးကစားသမားအနေနှင့်ဝင်ခွင့်ရသွားခဲ့သည်။
အတိအကျပင် ၎င်းမှာယွမ်ရှင်းကျဲနှင့်လည်း သက်ဆိုင်လေသည်။ ထိုအချိန်အတောအတွင်း သူသည်မကြာခဏဆိုသလို ယွမ်ရှင်းကျဲအား မက်ခါနှင့်ပတ်သက်သောမေးခွန်းများမေးမြန်းခဲ့ပြီး အခြားမက်ခါအမျိုးအစားများအားမည်ကဲ့သို့တိုက်ခိုက်နိုင်မည်ကိုလည်း မေးမြန်းခဲ့သည်။
သိသိသာသာပင် မကြာသေးမီအချိန်ကအော်ရီရယ်သည်ယွမ်ရှင်းကျဲအားအထင်သေးခဲ့မိသော်လည်း ယခုအချိန်တွင်မူ ယွမ်ရှင်းကျဲအား အစ်ကိုကြီးဟုခေါ်ဆိုနိုင်ရန်မစောင့်နိုင်တော့ချေ။
" ပွင့်ပွင့်လင်းလင်းပြောရရင် မင်းသာအိုမီဂါတစ်ယောက်မဟုတ်ဘူးဆိုရင်…"
အော်ရီရယ်ခေါင်းကုတ်လိုက်ကာ အနည်းငယ်နီမြန်းနေသောမျက်နှာဖြင့်
" ငါ မင်းကို အစ်ကိုကြီးယွမ်လို့ခေါ်မိမှာပဲ…"
" ငါစိတ်မရှိပါဘူး…"
ယွမ်ရှင်းကျဲလေးနက်စွာပြောလာခဲ့သည်
" အကိုကြီးလို့ခေါ်လို့ရတယ်…"
အော်ရီရယ်မှာကြောင်အသွားရပြီး
" ဒါပေမယ့် အယ်လ်ဖာတစ်ယောက်ကအိုမီဂါတစ်ယောက်ကို အစ်ကိုလို့ခေါ်တာတော့မမြင်ဖူးသေးဘူး…"
" အဲ့ဒါဆိုလည်း မင်းဆီကသမိုင်းရဲ့ပထမဆုံးအိုမီဂါအစ်ကိုကြီးလို့အခေါ်ခံရတဲ့ဂုဏ်ရသွားတာပေါ့…"
ယွမ်ရှင်းကျဲနောက်ပြောင်လိုက်ကာ
" ဒါကအဆင်မပြေဘူးလား…"
" ပြေတယ် " အော်ရီရယ်ပြုံးလိုက်ကာ သူ့၏လက်များအား ယွမ်ရှင်းကျဲ၏ပုခုံးပေါ်သို့တင်လိုက်ပြီး
" အစ်ကိုကြီး…"
ယွမ်ရှင်းကျဲပုခုံးပေါ်မှအော်ရီရယ်၏လက်အားမြင်လိုက်ရသည်နှင့် လော့ဝမ်ချွမ်းမျက်မှောင်ကြုတ်သွားလေသည်။

BINABASA MO ANG
အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)
FantasyDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...