109

8.8K 897 25
                                    

Chapter 109

ယွမ်ရှင်းကျဲက သူ့မက်ခါ၏အချက်အလက်များနှင့် စိန့်ကလီတိုဘက်ရှိ တစ်ဦးချင်းပြိုင်ဆိုင်မှုတွင်ကစားနိုင်ခြေအရှိဆုံးဖြစ်သည့် ကစားသမားထံမှ အချက်အလက်များနှင့်အတူ ခန့်မှန်းဆော့ဖ်ဝဲလ်တွင် တွက်ချက်ကြည့်လိုက်သည်။ အနိုင်ရနိုင်ချေက ၄၀ ရာခိုင်နှုန်းထက်မပိုခဲ့ချေ။

အကယ်၍များ စိန့်ကလီတိုဘက်မှ လုပ်နေကျအတိုင်း ရက်စက်သောလှည့်ကွက်တချို့သုံးလာလျှင် သူရှုံးနိုင်ချေပို၍များမှာဖြစ်သည်။

စိန့်ကလီတိုက ကစားသမားတိုင်းလိုလိုပင် သန်မာကြ၏။

ဤနေ့ရက်များတွင် ယွမ်ရှင်းကျဲက တိုက်ခိုက်နည်းဗျူဟာများ တောက်လျှောက်စဥ်းစားနေခဲ့သည်။

သူ့တွင် အကြံအများအပြားပေါ်ထွက်လာခဲ့သည်။ မည်သည့်အချိန်ကတည်းကမှန်း သတိမထားမိသော်လည်း သူ၏ကာယအင်အားနှင့် စိတ်ခွန်အားကလည်း အတော်လေးတိုးတက်လာခဲ့လေသည်။

လော့ဝမ်ချွမ်းကပင် သူ့အမြန်နှုန်းကြောင့် အံ့အားသင့်နေခဲ့သည်။

၃ရက်အကြာတွင် အသင်းရှိအဖွဲ့ဝင်များအားလုံး၏ စိတ်ခွန်အားကို ရစ်ချက်ကစစ်ဆေးခဲ့သည်။ ယွမ်ရှင်းကျဲ၏စိတ်စွမ်းအားက Aအဆင့်မှ ၄၉ ရာခိုင်နှုန်း ကျော်လွန်နေပြီဖြစ်ကြောင်းတွေ့လိုက်ရသည့်အခါ လော့ဝမ်ချွမ်းမျက်ဝန်းများထဲ၌ အံ့သြမှုတစ်ချို့ဖြတ်ပြေးသွားခဲ့သည်။

ကျောင်းတွင်စစ်ဆေးစဥ်က ယွမ်ရှင်းကျဲ၏စိတ်စွမ်းအားမှာ Aအဆင့်သို့ဝင်ရောက်ကာစသာရှိသေးသည်။

ခုကျ Aကိုတစ်ဝက်နီးပါးလောက်ကျော်နေပြီလေ...

“တနေ့တနေ့ မင်းဘာတွေများစားနေတာလဲ...”

ရစ်ချက်က သူ့ကိုငေးကြည့်ရင်း ဒေတာကိုမှတ်ထားရန်ပင် မေ့သွားသည်။

“နိုအာကြယ်ရဲ့ မြေတွေလေတွေက မင်းအတွက်ပိုသင့်လျော်နေတာများလား...ဒီအရှိန်နှုန်းက လန့်စရာကြီး...”

ဘေးရှိ အော်ရီရယ်က မျက်ရည်ကျချင်နေပြီဖြစ်သည်။ သူ့စိတ်စွမ်းအားမှာ အထက်တန်းကျောင်းကတည်းက Aအဆင့်ဖြစ်ပြီး ၈၅ ရာခိုင်နှုန်းကျော်ရန်အတွက် တစ်နှစ်ထက်ပို၍အချိန်ယူခဲ့ရသည်။ ယွမ်ရှင်းကျဲကတော့ ၄၉ ရာခိုင်နှုန်းသို့ ခဏလေးရောက်သွားလေသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Donde viven las historias. Descúbrelo ahora