တာတေ ရွာမှောက်ပြီး သုံးညမြောက်မှာ ထူးဆန်းလွန်းလှတဲ့
အိပ်မက်တစ်ခု မက်တယ်ဗျ။ အိပ်မက်လို့သာ ပြောရတာပါဗျာ။
အပြင်မှာတကယ်ဖြစ်နေတဲ့အတိုင်းပါပဲ။ ကျုပ်မက်တဲ့ အိပ်မက်က ဒီလိုဗျ။တာတေကအင်းဝမှာနေတဲ့ အင်းဝသားတဲ့ဗျာ။
ညောင်ရမ်းမင်း မင်းရဲနန္ဒမိတ်က ဗားမဲ့ဆရာတော်နဲ့ တိုင်ပင်ပြီး
ညောင်ရမ်းကနေ အင်းဝကို မင်းနေပြည်တော် ပြောင်းရွှေ့စိုးစံတော်မူတယ်ဗျ။တာတေ့အဘ ပန်းထိမ်သည်ကြီး ဦးသီဟလည်း အင်းဝကိုပြောင်းပြီး
လုပ်ကိုင်စားသောက်ခဲ့ရတာပေါ့ဗျာ။တာတေ့ကိုလည်း အဘက ပန်းထိမ်
ပညာသင်ပေးခဲ့လို့ တာတေလည်း ပန်းထိမ်သည်တစ်ယောက် ဖြစ်လာရော
ဗျ။ အဘလက်ရာကို မမီသေးပေမဲ့ တာတေ့လက်ရာလည်း ရတနာပူရ
အင်းဝရွှေမြို့တော်ကြီးမှာ လူကြိုက်များလာခဲ့တယ်။ပန်းတိမ်သည်သာလုပ်နေရတာဗျို့။ တကယ်တမ်း တာတေ
ဝါသနာပါတာက အထက်လမ်းပညာတွေဗျ။ အင်းဝမှာ အထက်လမ်းပညာ
တွေကို … ကမ်းခတ်အောင်တတ်တဲ့
ဘိုးဒိဗ္ဗဆိုတဲ့ ဆရာကြီးတစ်ယောက်
ရှိတယ်လေဗျာ။ကျုပ်က ဘိုးဒိဗ္ဗရဲ့တပည့်တစ်ယောက်ပါ။ ဘိုးဒိဗ္ဗမှာက ယောက်ျား
တပည့်၊ မိန်းမတပည့်တွေ အများကြီးပဲဗျ။
ကျုပ်ကတော့ ဘိုးရဲ့ တပည့်
ငယ်တွေထဲမှာ အတော်ဆုံးလို့ ဘိုးကိုယ်တိုင် ပြောဖူးတာပဲ။တစ်နေ့တော့ ဘိုးက သူ့ရဲ့ ကျွန်းအိမ်မဲမဲကြီးထဲက ဘုရားခန်းကြီး
ထဲမှာ ကျုပ်နဲ့ နှစ်ယောက်တည်း စကားပြောတယ်ဗျ။ဘိုးဒိဗ္ဗဆိုတာက အရပ်အမောင်းကောင်းကောင်း သျှောင်တစောင်း
နဲ့ဗျ။ ဘိုးဒိဗ္ဗရဲ့ မျက်နှာက လွှတ်ကျက်သရေရှိတာ။ မျက်လုံးတွေက
အမြဲတမ်းကြည်ပြီး တောက်နေတာ။ နှုတ်ခမ်းမွေးကလည်း ထိပ်နှစ်ဖက်က
ကော့ပြီး ကျင်စွယ်တက်လို့ဗျ။ ခေါင်းမှာလည်း ပုဝါတစ်ထည်က အမြဲ
ပေါင်းထားတာ။ဝတ်တာက သိုရင်းအင်္ကျီနဲ့ တောင်ရှည်ပုဆိုးဗျ။ ပယောဂနဲ့
အောက်လမ်းကတော့ မျက်လုံးနဲ့ စိုက်ကြည့်တာနဲ့တင် ဒူးတုပ်ကြရတာဗျ။