Part 7.1

366 41 3
                                    

Unicode Version

ရွှေရုပ် ။

သတိပြန်လည်လာချိန် လက်နှစ်ဖက် ။ခြေနှစ်ဖက်လုံး သံကြိုးများဖြင့် ခြည်နှောင်ခံထားရပြီး သူမ ရှိနေသည့် အခန်းထဲတော့ စိတ်ကြိုက် သွားလာလို့ ရသည်။ အခန်းအပြင် ထွက်လျင်တော့ သူမ ကို ဆွဲခေါ်ထား ကြမည်သာ။

ကုတင်ပေါ်မှဆင်းပြီး ရေကန်ဘေးမှာ ဒူးနှစ်ဖက်လေးစုပြီးထိုင်ကာ အသတ်ခံရမယ့် နေ့ကို စောင့်နေသည့် တိရိစ္ဆာန်တကောင်း တဖွယ် ပင်။

တံခါးပွင့်သံ ကြားလိုက်သည်နှင့် ဒီထဲ ဝင်လာ မည့် သူက ထိုသူကလွဲရင် မဖြစ်နိုင်သည် မို့။ လှည့်ပင် မကြည့်။ သို့သော်။

"စိတ်ဓါတ် ကျနေတာလား"

အမျိုးသမီးတယောက်ရဲ့ အသံကို ကြားလိုက် ရသည့် အခါတွင်တော့ သူမ ဆတ်ခန‌ဲ လှည့်ကြည့် မိသည်။   ဆံနွယ်ကောက် ကောက်တွေက ဖြာကျနေပြီး အနက်ရောင် ပိူးသားဝတ်ရံုအပေါ် ဇာအပါး လွမ်းထားသည်။

တကြိမ်တခါနှ မမြင်တွေ့ဖူးသူမို့ ရွှေရုပ် အကဲခက်ပြီးကြည့်နေတော့ သည်။ ထိုသူက ပန်သူရာပါ။ ဒီအဆောင်အဦးထဲမှာ သူမနဲ့ အလ်ခါကလွဲရင် တခြားသူမရှိနိုင်ပေ

"မနက်ဖန်ပဲ မင်းလက်ထပ်ရတော့မယ်၊ ဒီအတွက် မင်းတောင်းဆိုချင်တာ မရှိဘူးလား၊ ဝတ်စုံက ဘယ်လိုပြင်ဆင်ပေးရမယ်ဆိုတာမျိုးပေါ့ ငါ့နာမည်ကို မှတ်ထားအုံးနော်။ ပန်သူရာလို့ ခေါ််တယ် အလ်ခါရဲ့ အုပ်ထိန်းသူပဲ"

ရွှေရုပ် မျက်နှာလွဲလိုကိသည်။

"အခန်းအနားပြီးပြီးချင်း မင်းကိုစတေးမှာဆိုတော့ မင်းဖြစ်စေချင်တဲ့ ပုံစံလေးပြောပြထား၊ ငါကပြင်ဆင်ပေးရမယ့်သူ" ပြန်ပေးဆပ် ဖို့ရောက်ဆနသူ သူမ အဖိူ့တော့ သေဆုံးခြင်းနဲ့ အဆုံးသတ်မယ်ဆိုတာ မပြော လဲသိပါသည်။ သိူ့သော် မည်သို့ မည်ပုံ ဖြစ်မည် ဆိုတာကတော့။

သူမ မသိ။ သူမကို ကယ်တင်ပေးခဲ့တဲ့ သူဆိုတာ တီချယ် ဒေါ်ပပမျိုးရဲ့သားကလွဲရင် တခြား။မည် သူမှ မဟုတ်။ ထိုသူကိုလဲ ရွှေရုက် မှတ်မိနေသည် မဟုတ်။ ထို့ကြောင့်ပ‌ဲ

မမှတ်မိတဲ့ထိုလူက ယခုတော့

"မင်းကို ကယ်တင်ခဲ့တဲ့ အတွက် သူအခုလို နေရတယ် ဆိုတာ သိမယ်ထင်တယ်၊ တကယ်တော့ အဲဒီအချိန် သေဆုံးရမယ့် သူက မင်းပဲ"

အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)Unde poveștirile trăiesc. Descoperă acum