Part 7.2

378 42 2
                                    

Unicode Version

ကျော်ဇောရဲ့ တွေးတောခြင်းမရှိဘဲ ဖြောင့်ဖြူး နေသော လမ်းအဆုံးတွငိတော့ ခြေလှမ်းတစုံရပ်တန့် သွားစေသည့် အရာတခုက တားဆီးထားသည်။

တဖြေးဖြေးနှင့် နေအလင်းရောင် မှေးမှိန်သွား စေသည့် အခိုးအငွေ့များထဲမှာ သူ့လမ်း ကိုတားမြစ်သူ။ အလ်ခါ။

ကျော်ဇောလဲ ရွှေရုပ်ကို တွေ့ချင် တိုင်း တြွေလို့ ရမယ်ဆိုတာ မမျှော်လင့်ထားပါဘူး။ တားမြစ်ရန် စောင့်ဆိုင်းနေသည့် ထိုသူ။ အလ်ခါ ကိုမြင်တော့ သူ့ခြေလှမ်းက တုံ့ခနဲ ရပ် သွားတော့ သည်။

အလ်ခါက သူရောက်လာသည်ကို စိတ်ပျက် သွားသည့် အနေအထားရှိနေသည်။ ‌မကြည့် ချင်၍ နောက်သို့ ပြန်လှည့်သွားသည့် အတွက် ကျော်ဇော အတွေးထဲ ဇဝေဇဝါ ဖြစ် သွားတော့ သည်။

ရှေ့ဆက်တိုးခွင့်ပြုသည်လား၊ ဒါမှ မဟုတ်။

" မင်းနောင်တ မရချင်ရင် ရှေ့ဆက်မတိုးလာ နဲ့၊ သူ့ကို ငါဖိအားမပေးဘဲ ကိုယ်တိုင် ပြောထွက် လာမယ့် စကားလုံးတွေကို လက်ခံနိုင် ရင် ကြိုဆိုပါတယ်"

ထိုစကားတခွန်းသာ ကြားရပြီး မြူခိုး တွေနှငိ့ အတူ ပျောက်ကွယ်သွားသည်။ ကျော်ဇော ဆုံးဖြတ်ချက်က ဒီနေရာကနေ ရွှေရုပ်ကို ပြန် ခေါ်သွားနိုင်ဖို့ ဖြစ်သည်။ ထို့ကြောင့် နောက်မဆုတ်ဘဲ ရှေ့သို့ သာ။

လမ်းအဆုံးမှာတော့ မနေ့ညကလိုပဲ ရဲတိုက် တလုံးက တောအုပ်အလယ်တွင် ထီးထီးကြီး ပေါ်ထွက်လာသည်။

မိမိအသက်ဆိုတာ ဘယ်လောက်အဖိုးတန်၊ ဘာညာ။ အသာထား။ ခြံဝန်းသံပန်းတံခါး ငယ်ကို တွန်းဖွင့်ပြီး အနက်ရောင် ကျွန်း တံခါး ဆီသို့ ပြေးလာသည်။

ကျော်ဇော တံခါး တွန်းဖွင့် ဝင်လိုက် ချိန်မှာတော့ ရွှေရုပ်က အဝတ်တထည်ကို ချုပ် နေဆာ မြင် လိုက်ရသည်
ဇာအဖြူရောင် အနားသားများကို အပ်ချည် ဖြင့် ထိုးချုပ်နေရင်းက တံခါး ပွင့် လာ၍ မော့ကြည့် လာသည်။

ကျော်ဇော ရဲ့အကြည့်သည်လဲ သူမ လက်ထဲက ဇာပုဝါ ဆီကိုသာ။ ထိုအရာက မင်္ဂလာဆောင် တဲ့အချိန် သတို့သမီး ခေါင်း ပေါ်သို့ ခြုံလွှမ်းသည့် ပစ္စည်းပင်။

အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)Where stories live. Discover now