#အချွဲလေး
>>>ဇာတ်သိမ်း<<<
"ဘာ! ပြန်သွားတယ် ဟုတ်လား? ဘာလို့ ငါ့ကိုဘာတစ်ခုမှပြောမသွားရတာလဲ ? မဟုတ်သေးပါဘူး ၊ ငါကိုယ်တိုင် သွားမေးကြည့်မှဖြစ်မယ်"
"မင်း....မင်းမသွားတာပဲကောင်းမယ် အထိုက်၊ Examကနောက်လထဲဆိုဖြေရတော့မှာ လေသွေးကို ဒီအတိုင်းလွတ်ထားပေးလိုက်ပါ၊ ပြီးတော့ အဆောင်မှာ ကျန်ေနတဲ့ကျောင်းသား 49ယောက်အတွက်လည်း ပြင်ဆင်သင့်တာပြင်ဆင်ရဦးမယ် ၊ ခံစားချက်နောက် အရမ်းမလိုက်နဲ့ "
သက်ထူးစကားကြောင့် သူခုံပေါ်အရုပ်ကြိုးပြတ်သည့်နှယ် ထိုင်နေမိသည်။ အချွဲလေး မရှိတော့ဘူး ဆိုတဲ့အသိနဲ့တင် သူ့မှာ စိတ်ရော ကိုယ်ပါ အားအင်မဲ့နေသည်။
သူ့ရဲ့နေ့စဉ်ဘဝမှာ အချွဲလေးနှင့်ပင်နေသားကျခဲ့သလောက် ရုတ်တရက် အနားကနေပျောက်ကွယ်သွားတော့ သူဘယ်လိုမှ အဆင်မပြေ။
"လေသွေးလုပ်ရမဲ့စာတွေ အရေးကြီးတဲ့ ပုစ္ဆာတွေကို လိုင်းကနေတစ်ဆင့် ငါနေ့တိုင်းပို့နေတယ်၊ စာနဲ့ပက်သက်ပြီး သူက အရမ်းအဆင်ပြေပေမဲ့ ဖြစ်ခဲ့တဲ့ ပြသနာတွေကြောင့် ...."
"အင်း ငါသိတယ်၊ Examအတွက်အကုန်အဆင်သင့်ဖြစ်နေပေမဲ့ ကလေးတွေကျန်းမာရေးနဲ့ပက်သက်ပြီး တစ်ရက်လောက်အချိန်ပေးသွားစစ်ဖို့ပြင်ပေးဦး၊ အစားအသောက်ပိုင်းမှာတော့ ငါအရင်ကထက် အဟာရဖြစ်တဲ့အစားအစာတွေပဲချက်ကျွေးဖြစ်မယ်"
ဒီနေ့နဲ့ဆိုသူ အချွဲလေးအိမ်ပြန်သွားတာ တပတ်တိတိ။ သူ့မှာအပူသည်ကဲ့သို့ အချစ်နာကျ၍ ညနေပိုင်း ပိုသောက်ဖြစ်လာသည်။
ဘေးနားပေါက်ကရပြောပြီး ကပ်ချွဲမည့် တစ်စုံတစ်ယောက်ကို မက်မက်မောမောလွမ်းဆွတ်တမ်းတနေမိသည်။သူအိမ်ကို ည၁၀နာရီလောက်မှ ကားမောင်းပြန်လာတော့ မေမေက အံ့ဩသည့် အမူအယာဖြင့် သူ့အား ကြည့်ကာ ကြင်နာစွာ ဖက်ထားပါတော့သည်။
သူအဆင်မပြေသည့်အချိန်တိုင်း အိမ်ပြန်နေကြပင်။ သူ့ကိုအမြဲနာလည် နှစ်သိမ့်ပေးနိုင်သည့်သူက မေမေတစ်ယောက်တည်းပင်ရှိသည်မဟုတ်ပါလား။
CZYTASZ
အချွဲလေး [Completed]
Romansဒီficက အဆောင်နေကျောင်းသူဘဝနဲ့ အာသာ စိတ်ကူးပုံဖော်ထားတာတွေ ရောထားတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရအဆင်ပြေလောက်တဲ့ ficမျိုးပါ