1

3.5K 154 6
                                    

Unicode

'ကိုကို ညနေ၆နာရီလောက်ပြန်ရောက်မယ်..
ညစာ၀ယ်ခဲ့မှာမို့ မချက်နဲ့တော့ သည်းညှာ'

WeChatကနေပို့လာတဲ့ ကိုကို့စာလေးကြောင့် ရိပေါ်ဟင်းချက်မလို့ ပြင်နေရာကနေ ရပ်လိုက်တယ်။
ကိုကိုအပြန်၀ယ်လာမယ်ဆိုလို့လေ။

ဒီလိုနဲ့ ဆွဲလက်စ ပုံကိုသာ လက်စသတ်ရင်း ကိုကိုပြန်အလာကို မျှော်နေမိတယ်။

'တီ..'

အချိန်မှန်းတာ တော်လွန်းတဲ့ ကိုကိုရယ်ပါ
၆နာရီ ၅မိနစ်မှာပဲ အိမ်ပြန်ရောက်လာတယ်။

အသင့်ဖျော်ထားတဲ့ သံပုရာရည်ခွက်လေးကိုင်ပြီး ကိုကို့ကို သွားကြိုလိုက်တယ်။
ပြီးတော့ ကိုကို့လက်ထဲက အထုပ်အပိုးတွေကို ကူသယ်ပေးဖို့လုပ်တယ်။

"ရတယ် သည်းညှာ လေးတယ်
မသယ်နဲ့ ကိုကို့ဖာသာသယ်မယ်။"

"ကိုကို ဒီနေ့အလုပ်အဆင်ပြေရဲ့လား"

"ဒီလိုပါပဲ သည်းညှာရယ်..."

ဧည့်ခန်းမှာထိုင်ရင်း ရိပေါ်ဖျော်ပေးတဲ့ သံပုရာရည်ကို သောက်ရင်း အမောထိုင်ဖြေတယ်.

"နေလို့ကောင်းရဲ့လား သည်းညှာ ..
မောတာဘာညာရော ရှိလား.."

"ဒီနေ့နေလို့ကောင်းတယ် ကိုကို..
လက်ကျန်ဆွဲစရာလေးတွေ ရှိတာထိုင်ဆွဲနေတာ "

"အိမ်အလုပ်တွေ အရမ်းမလုပ်နဲ့နော် သည်းညှာ.. ကျန်းမာရေးကို ဂရုစိုက်
အကူလိုရင်ပြော ကိုကိုငှားပေးမယ်..
သည်းညှာက လူပိုရှိနေရင် မကြိုက်ဘူးဆိုလို့သာ ကို့ကို့သဘောသာဆို တစ်ယောက်လောက်အကူခေါ်တယ်.."

"ရပါတယ် ကိုကိုရဲ့.. ကျွန်တော် ကျန်းမာရေးလည်း ဂရုစိုက်ပါတယ်"

"ကဲ ဒါဆို ကိုကိုရေချိုးလိုက်အုံးမယ်
ဒါတွေ အိမ်နောက်ဖေးမှာထားခဲ့ပေးမယ်"

ဒီလိုနဲ့ ၀ယ်လာတဲ့ ညစာတွေကို ထမင်းစားစားပွဲပေါ်တင်ပြီး ရေသွားချိုးတယ်။

ရိပေါ်လည်း ပန်းကန်ထဲလှယ်ထည့်ပြီး ဟင်းရည်ကိုတော့ နွေးလိုက်တယ်။
ထမင်းဝိုင်းလေး အသင့်ဖြစ်သည်အထိ ကိုကိုက ဆင်းမလာသေးတာကြောင့် ရိပေါ် အခန်းထဲ လိုက်၀င်လိုက်တယ်။

It's You - 바로 너 - ReuploadWhere stories live. Discover now