"ဒီနေ့ည အိမ်ပြန်နောက်မကျနဲ့နော်
ကြားလား ဆောင်းဟွန်း"သူ့စကားကြောင့် ဆောင်းဟွန်းက မျက်စောင်းလှမ်းထိုးတယ်။
အိမ်တံခါးဝမှာ ချိတ်ဆွဲထားတဲ့ ပန်းအိုးငယ်လေးက ဆောင်းဟွန်းပုခုံးထက်နားလေးမှာ တွဲလဲခိုနေပြီး ဆောင်းဟွန်းနဲ့တောင် တိုက်မိတော့မလိုပင်။"ငါနောက်ကျဖူးလို့လား"
မာထန်နေသောဆောင်းဟွန်းလေသံက ဂျုံဆောင်းခန့်မှန်းထားတဲ့အတိုင်း တစ်ပုံစံတည်း။
မထူးဆန်းပါဘူး။
ဆောင်းဟွန်းအနေနဲ့ ဂျုံဆောင်းကို အသံအေးအေးလေးနဲ့
'အင်း ဂျုံဆောင်း ကိုယ်ဒီနေ့စောစောပြန်ခဲ့မယ်နော်'လို့ပြောရင်သာ အံ့သြစရာကောင်းနေမှာ။ဆောင်းဟွန်းအိပ်ပျော်နေတုန်း ကတ်ကြေးနဲ့ခိုးကိုက်ထားတဲ့ ဆောင်းဟွန်းဆံပင်တွေကလည်း ဟိုထောင်ထောင်ဒီထောင်ပါပဲ။
ပြောရမယ်ဆို အခုပတ်ဆောင်းဟွန်းပုံစံက ကြွက်စုတ်လေးနဲ့တောင် တူနေသေးတယ်။အဲဒါကြောင့်မို့လည်း လေသံမာနေတဲ့ဆောင်းဟွန်းကို ဂျုံဆောင်းဘာမှပြန်မပြောရဲတာပါ။မစပဲနဲ့လည်း မနေနိုင်တာမို့ ပါးစပ်လေးပိတ်ပြီးပဲ ရယ်နေလိုက်တော့တယ်။
"ငါထိုင်စောင့်နေမှာနော် ဒါလင်"
တံခါးပေါက်ဝမှာ ခုန်ဆွခုန်ခွလုပ်နေတဲ့ပတ်ဂျုံဆောင်းက ပတ်ဆောင်းဟွန်းရဲ့ အသည်းကျော်ပဲလှော်လေးမို့လို့ ဒီလိုဆိုးသွမ်းနေတာက အံ့သြစရာမကောင်းပါဘူး။
ဒါပေမယ့် ဆောင်းဟွန်းကတော့ အဲဒီပဲလှော်လေးကို စိတ်ကောက်ချင်ယောင်ဆောင်ပြီး ကြွက်ကိုက်ကေနဲ့ကျောင်းသွားရတော့တာပါပဲ။@darling
ခါတိုင်းရက်တွေနဲ့မတူတဲ့ ခြောက်ကပ်ကပ်တစ်နေ့တာက ဂျုံဆောင်းရဲ့လစ်ဟာမှုကို သတိပေးနေတယ်။အရင်တစ်ရက်က မိုးမိထားလို့ နေမကောင်းဘူးဆိုပြီးကျောင်းလစ်ချင်နေတဲ့ ဂျုံဆောင်းကို ဆောင်းဟွန်းကိုယ်တိုင်ကလည်း မတွန်းလှန်နိုင်ပြန်ဘူး။
ဆောင်းဟွန်းတတ်နိုင်တဲ့တစ်ခုတည်းသောအရာက ဒီတစ်ရက်တာကို အမြန်ဖြတ်သန်းပြီး အိမ်မှာတစ်ယောက်တည်းကျန်နေခဲ့တဲ့ ဂျစ်တူးလေးဆီအမြန်ပြန်နိုင်ဖို့ပဲဖြစ်တယ်။