"ချစ်ခြင်းချည်"သာ ခိုင်မြဲရာ✨💙
"အချစ်တဲ့ "
"လူတွေကလေ အချစ်ကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြတယ်"
"သူတို့ကြုံတွေ့ရတဲ့အခြေအနေ သူတို့ချစ်ခဲ့တဲ့လူပေါ်မူတည်ပြီး သူတို့ရဲ့ထင်မြင်ယူဆချက်၊အတွေးအခေါ်တွေနဲ့ အချစ်ရဲ့အဓိပ္ပါယ်ကို ဖွင့်ဟခဲ့ကြတယ် "
"အမြင်မတူတဲ့လူတွေကြားမှာ ""အချစ်""က ခါးသီးလိုက် ချိုလိုက် ချဉ်လိုက် စပ်လိုက် ပူလောင်လိုက် နာကျင်လိုက် ဝမ်းနည်းပူဆွေးရလိုက်နဲ့ အရသာအမျိုးမျိုး ခံစားချက်မျိုးစုံ ဖြစ်တည်နေတာပေါ့လေ"""တစ်ခါမှ မချစ်မိဖူးတဲ့လူကိုကျတော့ လူတွေကပြောကြတယ်
""ဘာလို့ အချစ်ကိုမထိတွေ့ကြည့်တာလဲ""တဲ့
"ရိုင်း" "ဘယ်လိုပြန်ပြောရမလဲ"
"ရိုင်း" "မြင်ဖူးသမျှလူတွေဟာ အချစ်နဲ့ထိတွေ့ပြီးရင် "နာကျင်ခြင်း၊သစ္စာဖောက်ခံရခြင်း" ဆိုတဲ့အချက်နှစ်ချက်ကို ရယ်စရာဟာသတစ်ခုလို ပြောတတ်သွားကြတာချည်းပဲလေ
"ရိုင်း" "အချစ်ကို မထိတွေ့ချင်ဘူး"
"အချစ်ကြောင့် ပျော်ရွှင်နေတဲ့သူတွေကိုတွေ့ခဲ့ရင် "ရိုင်း" "အချစ်ဆိုတဲ့အရာကို ထိတွေ့ချင်ခဲ့ပေမယ့် "ထိုပျော်ရွှင်မှုရဲ့နောက်ကွယ်မှာ နာကျင်ရမယ့်ခံစားချက်တွေက စောင့်ကြိုနေတယ်လေ""ရိုင်း" "အချစ်"ကိုရှောင်ပြေးနေခဲ့ပါသော်လည်း "အချစ်"က "ရိုင်း"ဆီ တည့်တည့်မတ်မတ်ကို ရောက်လာခဲ့သည်
၁၂.၂.၂၀၁၆ခုနှစ် ထိုရက်လေးက "ရိုင်း"ဘဝအတွက် "ရင်ခုန်နှုန်း"တွေမြန်စေခဲ့တဲ့သူကို တွေ့ရှိခဲ့တဲ့နေ့လေးတစ်နေ့ပေါ့
"ရိုင်းရေ
ဟင်
နင် ဘာလုပ်နေတာလဲ
ငါ မီးနင်းတွေထိုင်ကျက်နေတာပါ
လာလေဟာ ငါတို့မုန့်ထွက်စားရအောင် စာချည်းပဲကျက်နေတာပျင်းလာပြီ ခဏအနားယူတဲ့အနေနဲ့ ငါတို့မုန့်သွားစားရအောင် ပြီးမှစာပြန်ကျက်ကြတာပေါ့နော့်
အင်း ဒါဆို ခဏလေးနော် မှုန်
ငါ မုန့်ဖိုးသွားယူလိုက်ဦးမယ်မယူနဲ့တော့ ငါဝယ်ကျွေးမယ် ချစ်သူငယ်ချင်းလေးကို မုန့်ဝယ်မကျွေးရတာကြာပြီ လာသွားမယ်