Unicode
လူတိုင်းက ဆူညံနေကြတဲ့အချိန်မှာ ပြိုင်ဘက်အသင်းမှ ကိုယ်စားလှယ်ထွက်လာတာကိုမြင်လိုက်ရတယ်။ ထိုသူက တတိယနေရာမှဝင်ပြိုင်လာတဲ့ ကျိုးရှောင်ယွီပဲ။
[ကောကျိုးမဟုတ်ဘူးလား]
[ကောကျိုးမလုပ်နိုင်လောက်ဘူး .. သူကပုံပြင်တွေပြောနေရင် ရှန်ချင်းရှုအလှည့်ရောက်ရင် ရှန်ချင်းရှုကလည်းပုံပြင်ပြန်ပြောဦးမှာပဲ အချိန်နှစ်မိနစ်က သူတို့အပြန်အလှန်ပုံပြင်ပြောနေဖို့မလောက်ဘူး]
[ပုံပြင်ဘုရင်ကြီးကောကျိုးမှာလည်း ဒီလိုနေ့မျိုးရှိလာတာပဲ ကျစ် ကျစ် ကျစ် ကြည့်ရတာတန်နေပြီ!]
[ငါမင်းကိုပြောချင်နေတာတော်တော်ကြာပြီ .. လူတွေက မင်းကိုအကျိုးအကြောင်းပြောနေတဲ့အချိန် ပုံပြင်ဇာတ်လမ်းတွေထုတ်ပြာလာတာကို ငါစိတ်အနှောက်အယှက်အဖြစ်ဆုံးပဲ .. ဒါကပုံပြင်ပြိုင်ပွဲမဟုတ်ဘူး မင်းဘာလို့နေ့တိုင်းပုံပြင်တွေလာပြောနေရတာလဲ]
[အမှန်ပဲ ပရိတ်သတ်တွေဆီက မျက်ရည်ခြူပြီး voteတွေလာဆွယ်နေတာလေ!]
[ဟုတ်ပါ့.. ပရိသတ်တွေထဲက အန်တီကြီးတွေ အန်ကယ်ကြီးတွေက အဲလိုပုံပြင်တွေနားထောင်ရတာကိုကြိုက်တယ်လေ ဒီတော့ သူတို့က အဲဒီပုံပြင်အတွက် voteတွေပေးနေကြတာ]
[ငါတို့အလှည့်ပဲ!]
ဂိမ်းပွဲမှာတော့ ရှန်ချင်းရှုနဲ့ကျိုးရှောင်ယွီတို့က စတိတ်စင်အလယ်မှာရှိတဲ့ စားပွဲမှာမတ်တပ်ရပ်ပြီး ပွဲကြည့်ပရိသတ်တွေဘက်ကိုမျက်နှာမူလိုက်တယ်။
ရှန်ချင်းရှုက သူ့ရှေ့မှ ကြီးကြီးငယ်ငယ်အမျိုးသား အမျိုးသမီးပရိသတ်တွေကိုကြည့်လိုက်တယ်။ သူ့ရဲ့မျက်ဝန်းတွေကကွေးညွတ်သွားပြီး အပြုံးတစ်ခုကိုဖော်လှစ်ပြသလာတယ်။လူငယ်လေးက ချောမောလှပပြီး ဖြူစင်သန့်ရှင်းတဲ့စတိုင်ကိုဝတ်ဆင်ထားတယ်။ ငယ်ရွယ်တဲ့အမျိုးသားအမျိုးသမီးလေးတွေရော၊ သက်ကြီးပိုင်း အန်တီ အန်ကယ်တို့ကပါသူ့ပုံလေးကြောင့်ဆွဲဆောင်မခံဘဲမနေဘူး။ သူတို့ရဲ့နှလုံးသားထဲမှာ တိတ်တဆိတ်သက်ပြင်းချလိုက်မိတယ်: ဘယ်လောက်တောင်ချောမောလိုက်သလဲ!

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasía_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer