Part 8

384 42 5
                                    

Unicode Version

တံခါးပွင့်လာသည့် နောက် ရွှေရုပ် အံကြိတ်ပြီး လှမ်းထွက်လာ သည်။ အခန်းအပြင် ထွက် လာသည့် အခါ အမှန်ပင်။ လခြမ်းကွေး သဏ္ဌာန် ဖြစ်နေသော နံရံမှ အမှတ်အသား ရဲ့ရှေ့အတည့်တွင် ကျောက်သားစင်မြင့် တခုရှိနေပြီး ထိုနေရာရဲ့ အပေါ် တွင်တော့ အနက်ရောင် အခေါင်း တလုံးက အဆင်သင့်ရှိနေသည်။ ထိုနေရာနှင့် မလှမ်းမကမ်း‌တွင်လဲ ပန်သူရာ ရပ်နေသည် ဖြစ်သည့် အတွက် လွတ်မြောက်နိုင်ဖို့ နည်းလမ်းက 0% ဖြစ်သည်။

ရှေ့မတိုးဘဲရပ်နေမိသော သူမ ရဲ့တည်နေရာက ထိုယဇ်စင်နဲ့တံခါး ဆိုလျင် တံခါး ဆီက ပို၍ နီးသည်။

သူမ ရှေ့ဆက်မလှမ်းပဲ နေရာမှာတင်ရပ်နေမိ တော့ အလ်ခါက

"အချိန်ဆွဲ မနေပါနဲ့ မြန်မြန် အပြီးသတ်ရင်  မင်းအတွက် ဘယ်လောက်မှ နာကျင်မှာ မဟုတ်ဘူး"

ရွှေရုပ် သူ့ကို အံကြိတ်ပြီးကြည့်မိ သည့် အခါ တွင်တော့ အလ်ခါက

"ကိုယ့်ဘက်က စိတ်မရှည်တော့ တဲ့အချိန်ဆို ရင် မင်းလှလှလေး သေရမှာ မဟုတ်ဘူးနော်"

ရွှေရုပ်ရလဲ

"ဘယ်လိုအခြေအနေဆိုရင် စိတ်မရှည် ဖြစ်တက် လဲ၊ ဘယ်လောက်ပဲ အားနည်းတဲ့ သူဖြစ် ပါစေ။ လည်စင်းပေးရလောက်အောင် မိုက်မဲ နေမယ်လို့လား"

သူမ ကလန်ကဆန် လုပ်မဲ့ အနေအထား ဆိုတာ သတိထားမိနေသည့် အတွက် အလ်ခါက လဲ

"လည်စင်းပေးဖို့ မလိုဘူး၊ မင်းကိုယ်တိုင် လိုလို လားလား ရောက်လာဖို့လဲ မလိုတော့ ဘူး။ အကြောင်းအရင်းက ဘာလို့ ထင်လဲ"

ရွှေရုပ် ပြန်မဖြေ။ သူမ နားရုတ်ချည်းရောက် လာသည့် အလ်ခါကြောင့် လန့်သွားသည်တော့ အမှန်ပင် သူမရဲ့ ညာလက်ကို ဆွဲယူမြှောက်ကာ

"ဒါဘာလုပ်ထားတယ်ဆိုတာ မသိရအောင် ကိုယ်ကလဲတုံးတုံးအအ မဟုတ်ဘူး"

ရွှေရုပ် ပါးစပ်အဟောင်းသားဖြင့် ကိုယ့် လက်ကို ပြန်ကြည့်မိသည်။ သူသိနေတာလား။ အလ်ခါက

"မင်းကို အဲဒီအသုံးမကျတဲ့ အတွေးဘယ်သူများ ထည့်‌ေပးလိုက်လဲ၊ ကိုယ်ပဲ ဖြစ်မှာပါ၊"

အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)Donde viven las historias. Descúbrelo ahora