🧡အတိတ်မေ့ ခင်ပွန်း🧡Part 10
"ဒီနေ့ဖွင့်ကြည့်မှာမလား သခင်ကြီး..."
လုလင် သူ့ရှေ့မှ DNAစစ်ဆေးချက် အဖြေအား တစ်နာရီ တိတိထိုင်ကြည့်နေတဲ့ သခင်ကြီးအား မေးရတော့သည်
"အော် အေး..."
ဒီပယံ ဆုပ်ထားမိတဲ့သူ့လက်သီးတွေကိုဖြန့်လိုက်ကာ စာအိတ်ကို ကိုင်လိုက်သည်
ထို့နောက် သူစာရွက်အား ထပ်ဖြည်းဖြည်းထုတ်၍ ကြည့်မိသည်
၅မိနစ်ခန့်ကြာချိန်မှာတော့ သူ လုလင်ကိုကြည့်လိုက်သည်
"ငါတို့ရဲ့ Top groupအောက်က ဆေးရုံတွေက အလုပ်ကောင်းကောင်းမလုပ်ဘူးလား..."
"ဗျာ..."
"ဒီမှာလေ ကိုက်ညီတယ်ပြနေတယ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
လုလင် ရုပ်တည်ကြီးနဲ့ပြောနေတဲ့ သခင်ကြီးကို ရုပ်တည်ကြီးနဲ့ပြန်ကြည့်ပေးလိုက်သည်
"အဲ့တာ တတိယအကြိမ်မြောက်စစ်ဆေးထားတဲ့ အဖြေလွှာပါ..."
လုလင် ပထမနဲ့ ဒုတိယစစ်ဆေးချက်တွေကိုပါ ချပြပေးလိုက်သည်
အဲ့တော့မှ ဒီပယံ ဝုန်းခနဲ ထရပ်မိလိုက်ရာ စာရွက်စာတမ်းတွေအကုန် ပြန့်ကျဲကုန်သည်
သူ့စိတ်တွေရှုပ်ထွေးနေပြီး ပျော်ရွှင်သလို ဝမ်းနည်းသလိုဖြစ်လာသည်
နောက်ဆုံးတွင်တော့ သူထိုင်ခုံပေါ် ပြန်ထိုင်ကျသွားပြီး အပြစ်ရှိစိတ်တွေကြီးစိုးလာရသည်
သူဟာ အသက်မပြည့်သေးတဲ့ စိတ်မနှံ့တဲ့မိန်းကလေးကို ကိုယ်ဝန်ဆောင်ရအောင် လုပ်ခဲ့မိတာဘဲ
သူမခေါ်နေတဲ့ ချမ်းဆိုတဲ့ တောသားရေချမ်းဟာ သူသာဖြစ်သည်တဲ့
သူမေ့နေတဲ့ ၁နှစ်တာကာလက မှတ်ညဏ်တွေကို သူ သိရဖို့လိုနေပြီ
"လုလင် ဦးလူငွေနဲ့ ချိန်းလိုက်ပါ..."
...................................................................
"ယုသော် နင်လစာလျော့ယူ...""ရှင်..."
"ဟုတ်တယ်လေ ငါ့ယောကျ်ား ဒီလောက်ခက်ခဲနေတာ နင်လစာယူကိုမယူသင့်တာ..."
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....