64.zgi

104 3 0
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(64)

ဘာတွေဖြစ်သွားမှန်းမသိ သူမနိုးချင်သလိုလို အင်အားချိနဲ့နေတုန်းမှာပဲ တစုံတစ်ယောက်ကလာဆွဲသွားကာ ဟိုဟိုသည်သည်အဆွဲခံရပြီး ဖွဲအိတ်တလုံးလို ကြမ်းပြင်ပေါ်ပစ်ချခံလိုက်ရပြန်တယ်

အဲ့နောက်တော့ သူ့အသံကိုကြားလိုက်ရတော့တာပဲ

"ဒီမိန်းမတစ်ယောက်အတွက်နဲ့များ ကျွန်တော့ကိုခြိမ်းခြောက်ရဲသေးတယ်ပေါ့လေ....."

သူ့အသံက အေးစက်နေပြီး သူမကြားဖူးသမျှမှာ အရက်စက်ဆုံးအသံလိုပဲ

"လူတိုင်းက အချစ်နဲ့မကင်းနိုင်ကြဘူးတဲ့ ရှောင်ရိ မင်းက ချစ်တတ်သွားပြီးဆိုမှတော့ အားနည်းချက်ကလဲ ကျိန်းသေဖြစ်လာတော့မှာပဲလေ အရင်က မင်းသေရဲတယ်ဆိုတာ နောက်ဆံတင်းစရာလူမရှိလို့ အခုမင်း မသေရဲတော့ဘူးမလား ဘာလို့လဲဆိုတော့ မင်းကိုစောင့်နေမဲ့သူရှိလို့ပေါ့ "

ဂျပန်သံခပ်ဝဲဝဲနဲ့တရုတ်စကားကို အဆီအငေါ်မတည့်ပေမဲ့ ကောင်းကောင်းမွန်မွန်ပြောသွားနိုင်တဲ့သူက သူမ ထင်တာမမှားဘူးဆိုရင်  ဂန်ချီတိုမာနိုကိုပဲဖြစ်ရမယ်

ဒါဆိုရင် သူမကိုဖမ်းလာတာက သူ့ကိုခြိမ်းခြောက်ဖို့ပေါ့

ဘာအတွက်လဲ?

သူမ ဇဝေဇဝါဖြစ်သွားပေမဲ့ အကြောင်းပြချက်ကို ခပ်မြန်မြန်ပဲ ကြားလိုက်ရတော့တယ်

"ရိတာကိုလက်ထပ်ပါ ဂိုဏ်းချုပ်လုပ်ပြီး ဒီနေရာမှာပဲ‌အခြေချပါ  ရှောင်ရိ ဒါဆိုရင် မင်းရဲ့အမျိုးသမီးနဲ့သူ့အပေါင်းအပါတွေအားလုံး ဆံပင်တမွှေးတောင် မထိခိုက်စေရပဲပြန်လွှတ်ပေးမယ် "

"တကယ်လို့ ကျွန်တော်က ငြင်းတယ်ဆိုရင်ရော ?"

"မင်းသိမှာပါ မင်းအပါအဝင် ဖမ်းထားတဲ့ဘယ်သူ့ကိုမှ ရှင်လျှက်မရှိစေရဘူး"

မုယွမ်ယွမ် မျက်ခုံးတွန့်သွားခဲ့တယ်

ဆိုတော့ ဂန်ချိတိုမာနိုကိုက သူမကိုအသုံးချပြီး ကောင်းမင်ထျန်းကိုခြေချုပ်ချဖို့ကြိုးစားနေတာပဲ

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now