My Beloved - 내 사랑

161 10 4
                                    

Unicode

*တီ....တီ*

"ဒိုယောင်း အဆင့်သင့်ဖြစ်ပြီလား"

"ဟုတ်"

"ဒီနေ့ နေ့လည် ၂ နာရီနော် မမေ့နဲ့ အကောင်းဆုံးပြင်ဆင်လာခဲ့"

"ဟုတ်ကဲ့ ထယ်ယုံးဟျောင်း"

-_-_-_-

"ဂျယ်ဟျွန်းဒါက ကင်မ်ဒိုယောင်း... ကင်မ်ဒိုလို့ခေါ်လည်းရတယ် ဒါမှမဟုတ်ရင် ဒိုယောင်းပဲဖြစ်ဖြစ်၊ ဒိုဒိုပဲဖြစ်ဖြစ် အဲ့လိုခေါ်လို့ရတယ်"

"ကျွန်တော်က ဂျောင်ဂျယ်ဟျွန်းပါ တွေ့ရတာဝမ်းသာပါတယ်"

"အင်း တွေ့ရတာဝမ်းသာပါတယ်"

အဲ့တာကကျွန်တော်တို့ရဲ့တွေ့ဆုံချင်းပေါ့... ကံကြမ္မာကြောင့်လို့လည်းပြောလို့ရပေမဲ့ ကိုယ်တိုင်ကိုကဒီကံကြမ္မာကိုဖန်တီးယူခဲ့တာဆိုပိုမှန်လိမ့်မယ်။ ဘာလို့ဆို သူ့ကိုရင်ဘတ်ထဲကနေနှစ်နှစ်ကာကာချစ်ခဲ့မိလို့...

အခုကျွန်တော့်ဘေးမှာ မျက်လုံးမှိတ်ပြီးအိပ်နေတဲ့သူက ကျွန်တော်အရမ်းချစ်ရတဲ့ဂျယ်လေ... အိပ်နေပေမဲ့ သူ့ရဲ့ပါးချိုင့်နက်နက်နဲ့ပါးလေးက တကယ်ချစ်ဖို့ကောင်းနေတုန်းပဲ။ ဂျယ်လေးရဲ့မျက်နှာကိုကြည့်နေရင်းက ဂျယ်လေးရဲ့ပါးကိုနမ်းချင်စိတ်ပေါ်လာမိတယ်။ အိပ်နေတာပဲနမ်းလည်းဘာဖြစ်လဲဆိုပြီး... ဂျယ်ရဲ့ပါးကိုနမ်းလိုက်တော့ ဂျယ်ကမျက်လုံးပွင့်လာတယ်။

"ဟမ်.. ဂျယ် အိပ်မပျော်သေးတာလား"

"အင်း ကျွန်တော်ခုနကကော်ဖီသောက်လိုက်မိတယ်လေ"

"ဟမ်.. ဪ အင်းအင်း"

ကျွန်တော်လည်း ပြောပြောနဲ့ပဲဟိုဘက်လှည့်အိပ်ဖို့လုပ်တော့..

"ဂျယ်.... ဂျောင်ဂျယ် ဘာလုပ်တာလဲ"

"ဒိုဟျောင်းကကြတော့ အနားကပ်လာရင် ခေါင်းအုံးနဲ့ရိုက်မှာဆိုပြီးတော့ အခုကျွန်တော့်ကိုကြတော့ ပါးကိုလာနမ်းတယ် အဲ့တာတရားလားပြော..."

"ဟမ်... ဖယ်..ဖယ်ပါနော် ဂျယ်"

ဂျောင်ဂျယ်က အခုလိုမျိုးကျွန်တော့်အပေါ်ကနေသိုင်းပြီးမျက်နှာနားကိုအတင်းကပ်စကားပြောနေတဲ့အချိန်မှာခံစားချက်က တော်တော်ဆိုးဝါးတယ်။

"မဖယ်ပါဘူးနော်"

"ဂျယ်... နေရခက်တယ်လို့"

"ကျွန်တော့်ပါးကိုအလကားနမ်းလို့ရမယ်များထင်နေတာလား ဒိုဟျောင်း..."

"အင်း ဂျောင်ဂျယ်ကငါ့ရည်းစားမို့လို့ အလကားနမ်းလို့ရတယ်မလား"

"ဘယ်လို!!!! ကလေးတစ်ယောက်တောင်ရပြီးနေပြီလေ ကျွန်တော်ကအခုထိဒိုဟျောင်းရဲ့ရည်းစားပဲလား ကလေးအဖေကင်မ်ဒိုယောင်းရေ"

"ဘာလဲ မင်းလည်းကလေးအဖေပဲလေ ကိုယ့်ကိုယ်ကိုလူပျိုများမှတ်နေတာလား ပြော..."

"မမှတ်ပါဘူး"

"အဲ့ဆိုလည်း ဖယ်တော့ အိပ်တော့မယ်"

My Beloved - 내 사랑 (Oneshot)Where stories live. Discover now