Somewhere in Paris❣️

276 34 7
                                    

Unicode ❣️

" ဒီတစ်ခေါက် အားလပ်ရက်မှာ ဘာအစီအစဥ်ရှိလဲ မန်နေဂျာဟွမ်း "

ဒိုဟာရဲ့အမေးအား ပစ္စည်းတွေသိမ်းနေရင်းမှ ပြုံး၍သာပြဖြစ်သည် ။

ပွဲတော်ရက်မို့ ရုံးပိတ်အုန်းမှာပဲ ။

ပုံမှန်ဆို ဘာအစီအစဥ်မှ ကျွန်တော့်မှာရှိမနေပါဘူး ။

ဂျယ်မင်းကတော့ မပြောတတ်ဘူး ။

ဂျယ်မင်း ... နာဂျယ်မင်း ။

အသက် ၂၃နှစ် ။

အရောင်းပိုင်းဆိုင်ရာဌာနရဲ့ အဖွဲဝင်တစ်ယောက် ။

တစ်နည်းအားဖြင့် ကျွန်တော့်ရဲ့ချစ်သူကောင်ချောလေးလို့ပဲပြောရမှာပေါ့ ။

ဂျယ်မင်းနဲ့ကျွန်တော် စဆုံတုန်းကမှတ်မိသေးသည် ။

ကျွန်တော်လေလံပွဲအတွက် အပြင်ကိုသွားဖို့ ဆင်းလာတုန်း ကုမ္ပဏီကိုလိုက်ကြည့်နေတဲ့ ဂျယ်မင်းနဲ့ဆုံတာ ။

' ဟေ့ မင်း "

Jeanနဲ့ shirtပွပွကို ခပ်ရိုးရိုးဝတ်ဆင်ထားတာတောင် ကြည့်ကောင်းတဲ့မျက်နှာနဲ့သူက ယောင်နနလှည့်ကြည့်၍လာသည် ။

' ကျွန် ကျွန်တော်လား '

သူ့ကိုယ်သူလက်ညှိုးလေးထိုးကာ အူလည်လည်မေးနေသည့် သူ့ကိုခေါင်းညိတ်ပြလိုက်ပြီး အနားကိုတိုးကပ်၍သွားလိုက်သည် ။

' ဟုတ်တယ် မင်း ၊ မင်းဘယ်သူလဲ ၊ ဘာလာလုပ်တာလဲ '

' ကျွန်တော် interviewလာဖြေတာပါ '

' မင်းinterviewအချိန်က ဘယ်အချိန်လဲ '

' ၁၀နာရီလို့ပြောပါတယ် '

သူ့အဖြေကြောင့် လက်မှာပတ်ထားသည့်နာရီကို ကြည့်လိုက်ပြီး ။

' ၉နာရီ ၄၅ဆိုတော့ ၁၅မိနစ်လိုသေးတယ် ၊ ဆိုတော့ Interviewဖြေမယ့်သူတွေ ထိုင်တဲ့နေရာမှာ ငြိမ်ငြိမ်လေးသွားထိုင်နေ ၊ ဟိုသွားဒီသွား လျှောက်မလုပ်နဲ့ ၊ ဒါကုမ္ပဏီ Shopping Centerမဟုတ်ဘူး '

' ဟုတ်ကဲ့ခင်ဗျ '

တစ်ချက်ကြည့်ကာ လှည့်ထွက်လိုက်တော့ နောက်ကတိုးသဲ့သဲ့သံတစ်ခုကို ကြားဖြစ်အောင်ကြားလိုက်ပါသေးသည် ။

Somewhere in Paris❣️Where stories live. Discover now