Chae ဆေးရုံရောက်တော့ နားနေခန်းထဲမှာ ဂျူတီကုတ်ဝတ်ပြီး Soo အခန်းထဲ သွားဖို့ ပြင်လိုက်သည်။
ကျွီ.....
" Dr Roise"
Irene ခေါ်တဲ့ နာမည်လေးလဲကြားရော Soo မှာ စာအုပ်ဖတ်ရင်းနဲ့ လှည့်ကြည့်ရတာ
" Soo သက်သာလား ဘယ်လိုနေသေးလဲ"
" သက်သာပါတယ် Roise"
Chae လဲ စမ်းသပ်စရာရှိတာ စမ်းသပ်ပြီးတော့
" ဆေးရုံ ဆင်းချင်ရင် မနက်ဖန် သဘက်ဆို ဆင်းလို့ပါပြီ Soo
ဒါပေမဲ့ တပတ်တခါတော့ ဆေးရုံကို လာပေးပါ
အခုအခြေအနေက အမြဲစစ်ဆေးပေးနေမှ ရမှာမလို့ပါ"" ဟုတ်ကဲ့ Roise"
Soo တို့ စကားရပ်သွားတော့ Irene ကနေပြီးတော့
" Dr Roise နေ့လည်စာ စားပြီးပြီလား"
" မစားရသေးဘူးရှင့် အိမ်မာလဲ စားထားက သိပ်မကြာသေးတော့ မဆာသေးလို့ပါ"
"အာ့ဆို Irene တို့နဲ့ အတူတူ လာစားပါလား Dr Roise"
" Soo တို့ မှာကျွေးပါ့မယ် တူတူလာစားပါနော် Roise"
နှစ်ယောက်လုံးက ခေါ်နေတာမလို့ Roise ငြင်းလို့မရတော့ဘူးလေ။
" ဟုတ် Roise
Round လှည့်ပြီး ပြန်လာခဲ့မယ်လေနော်"" Soo ကို Roise ဖုန်းနံပါတ်လေး ပေးထားပါလား"
" ရှင် "
" Roise မရောက်လာခဲ့ရင် Soo ခေါ်လို့ရအောင်လို့ပါ"
" အော် ရပါတယ်"
Chae အိတ်ကပ်ထဲက ဖုန်းကိူ ထုတ်ပြီးတော့ Soo ကိုပေးလိူက်သည်။
" Soo ဖုန်းကိူ ခေါ်လိုက်လေ
Roise လဲ Soo ဖုန်းနံပါတ်သိရတာပေါ့"" အင်း Roise"
Roise ဖုန်းကိူ ယူပြီး Soo ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
📲📲
Soo လဲ Roise ကို ဖုန်းပြန်ပေးလိုက်ပြီး
" အာ့တာ Soo ဖုန်းနံပါတ်ပါ"
" ဟူတ် Soo
အာ့ဆို Roise ကိုသွားခွင့်ပြုပါအုံးနော်"Chae လဲ Irene နဲ့ Soo ကို နှုတ်ဆက်ပြီး အခန်းထဲက ထွက်လာလိုက်သည်။
YOU ARE READING
The Only Exception
Fanfictionဘယ်သူ့ကိုမှ မချစ်ရဲတော့လို့ အချစ်ဆိုတဲ့အရာကြီးကို ဝေးဝေးက ရှောင်ခဲ့တယ်။ ဒါပေမဲ့ Rosie မင်းကိုတော့ ချစ်မိသွားပြီ ထင်တယ်