Unicode Version
သက်လျာက မနက်စာ စားရင်း အိပ်မက် အကြောင်းပြောချင်လာသည်။ သူမရဲ့မျှော် လင့်ချက်လေးပေါ့။
"ရွှေရုပ် ပြန်ရောက်လာမယ်ထင်တယ် ငါ့ စိတ်ထဲ တမျိုးပဲ"
မိုးရိပ် ခေါင်းထောင် ကြည့်သည်။ သက်လျာကို
"တကယ်လား သူပြန်လာမယ်ဆိုတာ ဖြစ်နိုင်လား"
တယောက်က အမေးရှိလာတော့ သက်လျာ လိုလို လားလား ပြောချင် လာသည်။
"မဖြစ်နိုင်စရာတော့ မရှိဘူး၊ သူ့ကို ခေါ်ထားတဲ့သူက တီချယ် ရဲ့သား၊ ဆိုတော့ အသိတရားပြန်ဝင်လာရင် လွတ်ပေးမှာ သေချာတယ်"
မိုးရိပ် ထိုအခါမှ သက်ပြင်းချနိုင်သွား သည်။ အမှန်ဖြစ်စေချင်သည် မဟုတ်ပ်လား၊ ထိုအခါ ကျော်ဇောက
"ပြန်လွတ်ရင်တောင် ပြန်လာမယ်ဆိုတာ ငါမယုံဘူး"
သက်လျာ လက်ထဲက ဇွန်း ကို ဆောင့် ချသည်။
"ကျော်ဇော နင်ကန့်လန့်တိုက်နေတာ တော်သင့်ပြီ၊ ငါတို့ မကြာခင်ပြန်ရတော့ မှာ ဒီတော့ ငါတို့ သူငယ်ချင်းကိုလဲ ပါစေချင်တယ် အတူတူပြန်ချင်တယ်၊ ကိုဇွဲမြတ် ကိုအား နာပေမယ့် ရွှေရုပ် ပြန်လာမယ် ဆိုတာ ငါယုံတယ်"
ကျော်ဇောက သက်လျာက စိုက်ကြည့်ရင်း
"သိတယ်၊ ရွှေရုပ် ဘာပြောပြော မင်းတို့ လက်ခံနိုင်တယ် ဆိုတာ၊ ငါသူနဲ့ တွေ့ခဲ့ပြီးပြီ၊ ဘယ်လို အကြောင်းနဲ့မဆို ပြန်လိုက် နိုင် ပါဘူးလို့ပြောခဲ့ပြီးပြီ"
သက်လျာက
"သေချာလား အဲ့တာ ရွှေရုပ် ကိုယ်တိုင် နင့်ကို ပြောခဲ့တယ် ဆိုတာ သေချာလို့လား"
ကျော်ဇော ဘာမှ မပြောချင်တော့၊ ပြန်ရောက် တဲ့နေရကတဲက အဖြစ်အပျက်အား လုံးကို ပြောပြခဲ့တယ်၊ ဒါပေမယ့် ဘယ်သူမှ သူပြောတာ လက်မခံ။
သက်လျာက ပိုဆိုး။ ထို့ကြောင့် အမှားအမှန်မငြင်းချင်တော့တဲ့ အခြေအနေမို့ ထမင်းဝိုင်းက ထထွက်သွားတော့ သည်။ သက်လျာ မျက်စောင်းလှမ်းထိုး သည်။ ကြယ်စင်ဦးက
"သက်လျာ သူ့ကိုဗွေ မယူပါနဲ့၊ သူ့အကြောင်း နဲ့သူတော့ ရှိတာပါပဲ၊ ငါပြောကြည့်ပါအုံးမယ်"

YOU ARE READING
အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)
Spiritualကံကြမ္မာအဆိုးအကောင်းထက် ကျိန်စာ တခုက ပိုအသက်ဝင်တယ် 💘 သူမကို ပိုင်ဆိုင်နိုင်ရမယ် ( အလ်ခါ -ညို့ရစ်တမ်း) ဂေးတွေကိုအမုန်းဆုံးပဲ (ရွှေရုပ်-ဆူးယံပန်း) နှစ်ဘဝဖူးစာ ပါ။ အလ်ခါ -ရွှေရုပ် နဲ့ ညို့ရစ်တမ်း-ဆူးယံပန်း။ Note; Not included Character Episode. Own c...