JANE

2.2K 282 27
                                    

Unicode

လူတစ်ယောက်ရဲ့ဘဝမှာ
ဘယ်သူနဲ့မှအစားထိုးလို့မရအောင်
ချစ်ခဲ့ရတဲ့ သူတော့ရှိကြမှာပဲလေ။

ရှင်သန်ရတဲ့နေ့ရက်တွေတိုင်းမှာ
လူပေါင်းများစွာနဲ့ တွေ့ဆုံရလည်းပဲ
တစ်ယောက်ပီးတစ်ယောက်အနားကို
ရောက်လာကြလည်းပဲ
နှလုံးသားက
တစ်စုံတစ်ယောက်ကိုပဲအလိုရှိနေခဲ့တာ။

Lisa တွင်လည်း အင်မတန်မှ
ချစ်ရတဲ့ Jane ဆိုတဲ့အမျိုးသမီးငယ်လေးရှိလေသည်။

Jane နဲ့က ငယ်သူငယ်ချင်းတွေ၊ မိဘချင်းရင်းနှီးကြရင်း သမီးချင်းပါ အစဥ်အဆက်ရင်းနှီးသွားတယ်ဆိုပါတော့။

Jane ကစတွေ့ကတည်းက Lisa အပေါ်
သိပ်အနိုင်ယူတတ်တာ......
Lisa ကလည်း Jane ကိုဆို
အမြဲအလျော့ပေးနေကြပဲ။

Jane ကသိပ်ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်၊ Lisa ဟာ Jane ကိုအဖြူထည်
အရွယ်လေးတည်းက မေတ္တာတွေပိုနေမိခဲ့သည်။

အရွယ်ပိုရောက်လာကြလေ Lisa ခံစားချက်တွေဟာ ထူးဆန်းလာလေ၊ မူမမှန်လာလေ။
အဆိုးဆုံးကတော့ အသက်16နှစ်မှာ
Jane ပထမဆုံးရည်းစားရသွားခဲ့သည်။

Lisa သိသိခြင်း တစ်နေ့လုံးငိုချပစ်ခဲ့သည်။
နောက်ပီး အဲ့နေ့မှာပဲ ကိုယ့်စိတ်ကိုပိုသေချာလာသည်။

"ငါ Jane ကိုချစ်မိနေတာပဲ"

ထိုစဥ်က အဲ့လိုခံစားချက်ကြီးကြောင့်
Lisa ရှက်မိခဲ့သေးသည်။ Jane သိသွားရင်လည်း
ရှက်စရာကောင်းသည်ပဲ။

Lisa ရော Jane ရော မိန်းကလေးတွေပဲလေ။

Jane ဟာသူ့ပထမဆုံးရည်းစားနဲ့
သုံးရက်လောက်ပဲ တွဲလိုက်တာပါ။
ပီးတော့ Jane က Lisa ကိုပြောသေးသည်။

"ငါကဘယ်သူ့ကိုမှမချစ်ချင်ဘူးဟ...
အာ့ကြောင့် အခုကစပီး အပျော်တမ်းရည်းစားထားမှာ"

Jane စကားကြောင့် Lisa ဒေါသထွက်မိခဲ့သည်။
ရည်းစားထားတဲ့ကိစ္စကို Jane က
ကစားနည်းတစ်ခုလိုများ သတ်မှတ်လေသလော။

"ငါ့ကိုရောမချစ်ချင်ဘူးလား"

Lisa မကျေမနပ်နဲ့ Jane ကို
အဲ့လိုမေးခဲ့ဖူးပါသည်။ Jane နဲ့ပတ်သက်ရင်
သတ္တိလုံလောက်စွာမရှိတဲ့ Lisa က
ထိုအချိန်ကတော့ ဘယ်လိုတွန်းအားတွေကြောင့်
ပါးစပ်ကထွက်သွားသလဲမသိ။

JANE(One Shot) Where stories live. Discover now