Chapter-1

443 9 0
                                    

Unicode

~ကျွန်တော့်ဘဝကြီးက အစကတော့ တစ်ယောက်ထဲ ရည်းစားမရှိ crushမရှိနဲ့ အေးချမ်းနေတာ။နောက်တော့ ကျွန်တော့်ဘေးအခန်းကအချေတော် ကောင်လေးတစ်ယောက်ကြောင့် ကျွန်တော့်မှာ ရင်ခုန်တတ်လာတာပါပဲ။~

ဇာတ်လမ်းလေးအစကတော့ ကျွန်တော့်ဘေးအခန်းကို လူသစ်လေးတစ်ယောက်ပြောင်းလာတာကစပါတယ်။

ဆောင်းရာသီမနက်ခင်းရဲ့ အေးချမ်းတဲ့လေတိုးအဝေ့မှာ အိပ်မရတော့တာနဲ့ ဖွင့်ထားတဲ့ပြတင်းပေါက်တွေထပိတ်နေတုန်း အခန်းရှေ့ကနေ ခြေသံကြားလို့ စပ်စုချင်စိတ်နဲ့ တံခါးရှေ့ရောက်လာခဲ့တယ်။တံခါးလေးကို နည်းနည်းလေးဟပြီး ကြည့်လိုက်တော့ တွေ့လိုက်ရတာက လူရိပ်တစ်ခု။

ကျွန်တော်နေတဲ့အထပ်မှာ လူဆိုလို့ ကျွန်တော်တစ်ယောက်ထဲရှိတာ အထပ်က အပေါ်ဆုံးထပ် အရင်က ကျွန်တော့်ဘေးအခန်းမှာ လူတစ်ယောက်သတ်သေသွားတယ်ဆိုပြီး သတင်းထွက်ကတည်းက အပေါ်ထပ်ကို ဘယ်သူမှသိပ်မနေချင်ကြဘူးလေ။တိုက်ပိုင်ရှင်ကလည်း အဲ့တာနဲ့ အပေါ်ဆုံးအထပ်ကို စျေးပေါပေါနဲ့ငှားထားတာ။ကျွန်တော်လည်း ပိုက်ဆံချွေတာတဲ့အနေနဲ့ အဲ့အပေါ်ထပ်မှာနေဖြစ်တယ်။ဒါပေမဲ့ အပေါ်ဆုံး အထပ်မှာ ကျွန်တော်တစ်ယောက်ထဲဖြစ်လာတာ သုံးနှစ်ရှိပြီ။ခုပထမဆုံးဘေးအခန်းကို လူရောက်လာတယ်ဆိုတော့ ပျော်လဲပျော်သလို အံ့သြလဲအံ့သြမိတယ်။ပျော်တာက သုံးနှစ်လုံး တစ်ယောက်ထဲဖြစ်နေရာကနေ အဖော်လေးတစ်ယောက်ရတော့မယ်မလား။

အံ့သြတာကျတော့ အဲ့လောက်သရဲခြောက်တယ်လို့ နာမည်ထွက်နေတဲ့အခန်းမှာ လာနေတာကိုပဲ..။

"ဟေး"

ကျွန်တော်မဝံ့မရဲသွားခေါ်လိုက်တော့ သူကဘာလဲဆိုတဲ့ အကြည့်နဲ့ လှည့်ကြည့်တယ်။ ခင်ဗျားတို့တော့မသိဘူး ကျွန်တော်ဖြင့် ကြောက်တောင်ကြောက်သွားတယ်။ဒါပေမဲ့လည်း ခင်ချင်တော့ အရဲစွန့်ရတာပေါ့။

"ဟို ဒီကိုခုမှပြောင်းလာတာထင်တယ်..... ငါက ဒီဘက်အခန်းကပါ"

"......"

"အကူအညီလိုရင်ပြောလို့ရတယ်နော် မင်းကအခုမှရောက်တာဆိုတော့လေ.....ပြီးတော့ အပေါ်ထပ်ကလည်း ငါတစ်ယောက်ပဲရှိတာမလို့"

ဘေးအခန်းကအချေတော်လေးကိုအပိုင်ကြံမယ်Where stories live. Discover now