Soo ဆေးရုံက ဆင်းဖို့ပြင်ဆင်ပြီးလို့ ဆေးရုံကနေ ဆင်းပါတော့မည်။ Irene ကတောင် မေးနေတယ် Roise ကိုနှုတ်မဆက်တော့ဘူးလားတဲ့လေ။
ဆေးရုံမဆင်းခင်အထိတော့ Roise မျက်နှာလေးကို မြင်ချင်သေးသည်။
နောက်ထပ်မတွေ့ရတော့မှ နှုတ်ဆက်ကြတာလေ
Roise ကိုနောက်တခေါက်ထပ်တွေ့အုံးမှာမလို့ Soo ဆေးရုံကနေ ဆင်းလာခဲ့လိုက်သည်။Chae အိမ်မှာ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေတာမလို့ ဆေးရုံကို နောက်ကျမှ ရောက်တော့သည်။
Chae ဆေးရုံရောက်တော့ Soo အခန်းထဲ သွားမယ်ပြင်တုန်း" Dr Roise လူနာ Kim Jisoo က ဒီမနက်ပဲဆေးရုံက ဆင်းသွားပါပြီရှင့်"
ဆင်းသွားပြီတဲ့လား။
Chae ကိုတောင် နှုတ်မဆက်သွားဘူး Chae စိတ်ထဲမှာတစ်မျိုးကြီးပဲ သူနှုတ်မဆက်သွားလို့လား ဘာလို့လဲ
ဆေးရုံဆင်းခါနီး Chae လာအောင် စောင့်သွားသင့်တယ်မလား။" အင်းပါ အာ့ဆို တခြားလူနာတွေသွားကြည့်မယ်လေ
ဒါနဲ့ ဆေးရုံအုပ် ရှိလား"" ရှိပါတယ် Dr"
" အာ့ဆို ဆေးရုံအုပ်ကို အရင်သွားတွေ့လိုက်အုံးမယ်လေ"
"ဟုတ် Dr"
ဆေးရုံအုပ်ကိုလဲ Chae ခွင့်တိုင်ရအုံးမှာမလို့ ရုံးခန်းထဲပဲ သွားလိုက်တော့သည်။
ဒေါက် ဒေါက်........
"ဝင်ခဲ့....."
Chae တံခါးဖွင့်လိုက်တော့
" Roise သမီးဝင်ခဲ့လေ"
"ဦးလေး သမီးခွင့်တိုင်ချင်လို့ပါ"
" မနေ့ညက Lisa ကတော့ပြောတယ် သမီးအမဆီ သွားလည်မလို့ဆို"
" ဟုတ်တယ် ဦးလေး"
" ဘယ်နှရက်ကြာမာလဲ သမီး"
" တပတ်လောက်ပဲ နေမာပါ"
" Lisa တို့က တစ်လ လောက်ခွင့်တိုင်မာ ပြောနေလို့ ဟား ဟား"
တကယ့် ပေါက်ကရ Lalisa ပါ
" တစ်လကြီးတော့ မနေပါဘူး ဦးလေး
မမဆီ တစ်ခါမှ မရောက်ဖြစ်မာမလို့
အလွန်ဆုံး တစ်ပတ် ၁၀ ရက်ပါပဲရှင့်"" ကောင်းကောင်းပျော်ခဲ့ကြနော်"
" ဟုတ်ကဲ့ ဦးလေး
အာ့ဆို သွားခွင့်ပြုပါအုံးရှင့်"
YOU ARE READING
The Only Exception
Fanfictionဘယ်သူ့ကိုမှ မချစ်ရဲတော့လို့ အချစ်ဆိုတဲ့အရာကြီးကို ဝေးဝေးက ရှောင်ခဲ့တယ်။ ဒါပေမဲ့ Rosie မင်းကိုတော့ ချစ်မိသွားပြီ ထင်တယ်