(U)"ဟယ်လို Baekhyun"
"..."
"ဘုရားရေ .. နောက်ဆုံးတော့ မင်းဖုန်းကိုင်ပြီ ! ဘာလို့ ငါတို့အားလုံးနဲ့ အဆက်အသွယ်ဖြတ်သွားတာလဲ Baekhyun ငါတို့အားလုံး မင်းကိုဘယ်လောက်ထိစိတ်ပူနေလဲဆိုတာ သိရဲ့လား .. နေကောင်းလား အစားရောကောင်းကောင်းစားရဲ့လားဟမ်"
နဂိုတည်းက ငိုချင်နေတဲ့ဓာတ်အခံရှိတာကြောင့် BaekEunအသံကြားတာနဲ့ Baekhyun မျက်ရည်ကျလာကာ အသံတိတ်ငိုလိုက်မိသည်။ တစ်ကမ္ဘာလုံးမှာ တစ်ယောက်တည်းရှိရတဲ့ အစ်ကိုမလို့ သူ့ကိုဂရုစိုက်ပေး၊ ချစ်ပေးတဲ့ BaekEunကို Baekhyun တကယ်ပဲချစ်ရပါသည်။
"ကဲ .. ထားပါတော့ အခုဘယ်လိုနေလဲ အဆင်ပြေလာပြီလား တကယ်တော့ ငါမင်းကိုဆက်တိုက်ဖုန်းဆက်နေတာ မင်းအထင်လွဲနေတဲ့အကြောင်းတွေ ရှင်းပြချင်လို့ နားထောင်ပေးမယ်မလား Baekhyun .. အနည်းဆုံးတော့ မင်းတကယ့်အမှန်တရားကို သိသင့်တယ်လေ နော်"
Baekhyun ဘာမှမပြောဘဲ ပါးစပ်ပိတ်နေလိုက်သည်။
"ငါ Chanyeolနဲ့စတွေ့တုန်းက တက္ကသိုလ်ပထမနှစ်က Baekhyun အဲ့ဒီနေ့ကမင်းမှတ်မိတယ်မလား .. မနက်စောစောစီးစီး မင်းအခန်းထဲမှာ ငါလိုက်မွှေနေခဲ့တာလေ"
ဒီဇာတ်လမ်းတွေ ပြန်လည်စတင်တဲ့အချိန်က တကယ်ပဲ BaekEunတို့ တက္ကသိုလ်ပထမနှစ်ကဖြစ်သည်။ ထိုနေ့က ...
"Baekhyun မင်းနိုးပြီလား"
"အင်း .. ဘာကိစ္စရှိလို့လဲ BaekEun"
Baekhyun အသံကြားတာနဲ့ BaekEun ချက်ချင်းအခန်းတံခါးဖွင့်ပြီး အခန်းထဲ၀င်သွားလိုက်သည်။ အထဲ၀င်သွားတော့ Baekhyunက အခုမှအိပ်ရာထဟန်ဖြင့်။ သူနဲ့မတူတဲ့ BaekEunကတော့ အားလုံးပြင်ဆင်ပြီးပြီဖြစ်သည်။
"မင်းအခုမှထတာလား Baekhyun .. ငါတောင်အားလုံးပြီးပြီ ဒီနေ့က ငါတို့ပထမဆုံးတက္ကသိုလ် တက်ရမယ့်ရက်ဆိုတာရော သိရဲ့လား"
"အဘိုးကြီးပေါက်စလို ပွစိပွစိလုပ်မနေပါနဲ့တော့ BaekEunရာ .. ငါရေချိုးရင်မြန်ပါတယ် ၁၀မိနစ်ပဲအချိန်ပေး ဟုတ်ပြီလား"
"ပြီးတာပါပဲ .. နောက်ကျရင် မင်းကိုထားခဲ့ဦးမှာ ကြည့်နေ"
ထို့နောက် ဘာမှထပ်မပြောတော့ဘဲ နှုတ်ခမ်းစူထားလိုက်တာကြောင့် Baekhyun တစ်ဖက်လှည့်ပြီး ရယ်လိုက်မိသည်။ အခုBaekEunပုံစံလေးက ချစ်ဖို့ကောင်းတာကြောင့် Baekhyun ရေချိုးခန်းထဲမ၀င်ခင် သူ့ဆံပင်အားဆွဲဖွလိုက်သည်။