Intro ✨

70 6 2
                                    

မိုးတွေသဲမဲစွာရွာနေတဲ့ဆိုးလ်မြို့ရဲ့တနေရာ.
ဆိုးလ်မြို့ ဂယောင်းဂျူခရိုင်က ဂူသင်္ချိုင်းတခုရှိ မြောက်များစွာသော မြေပုံများထဲမှ နှစ်အနည်းငယ်သာကြာသေးသယောင်‌ဆေးရောင်မပြယ်သေးသော ခပ်ကြီးကြီးမြေပုံတခုရှေ့ အသက်အားဖြင့် နှစ်ဆယ်ဝန်းကျင်သာရှိသေးသောကောင်ငယ်လေးတယောက် လက်ထဲကဆောင်းလာတဲ့ထီးကိုဘေးပစ်ချရင်း မြေပုံဘေးရှိသစ်ရွက်ခြောက်များကိုဖယ်ရှင်းကာ မြေပုံရှေ့တွင်ဒူးထောက်ထိုင်ပီးအသက်မပါတဲ့သူတယောက်လိုခံစားချက်မဲ့နေသောမျက်နှာဖြင့်ဆွေးမြေ့စွာရှိနေသည်မှာမြင်ရသူအဖို့သနားချင့်သဖွယ်။ ကွယ်လွန်သူမှာလူချမ်းသာအသိုင်းအဝိုင်းကမဟုတ်သော်လည်း ဆင်းရဲတဲ့သူတယောက်လည်းမဟုတ် အတန်ငယ်ဂုဏ်အဆင့်အတန်းနဲ့ငွေကြေးပြည့်စုံသူဖြစ်ကြောင်းမြေပုံဘေးရှိ တန်ဖိုးကြီးကြွေပြားများကိုကြည့်ခြင်းဖြင့်သိနိုင်သည်။

မြေပုံတခုကို‌ခပ်ဆွေးဆွေးကြည့်ရင်း ရင်ထဲကနာကျင်မှု‌တွေကမျက်ရည်စများအနေနဲ့ပူလောင်စွာကျဆင်းလာလေတော့ လက်ဖဝါးသေးသေးလေးနဲ့ခပ်ကြမ်းကြမ်းဖိသုတ်ပီး တစက်စက်တုန်နေတဲ့အောက်နှုတ်ခမ်းကိုဖိကိုက်ရင်း မတ်တပ်ထရပ်ကာ တခုခုကိုကြုံးဝါးလိုက်လေသော ထိုကောင်လေး။

"ဖေဖေ..ကျနော်တောင်းပန်ပါတယ်.ကျနော်ဘာမှမသိနားမလည်ဖြစ်ပီးတုံးအ‌နေခဲ့မိလို့..အသုံးမကျတဲ့သားတယောက်ဖြစ်နေခဲ့လို့..ကျနော်သေချာပေါက်ဖေဖေ့ကိုဒီလိုဖြစ်စေတဲ့သူ..ဖေဖေ့ကိုဒီနေရာမှာအချိန်အကြာကြီးလဲ‌လျောင်းနေစေခဲ့တဲ့သူကိုကျနော်လက်တုံ့ပြန်မယ်.ဖေဖေနဲ့ကျွန်တော်တို့ခံစားခဲ့ရသလို အဲ့ဒီလူနဲ့သူ့မိသားစု‌အဆပေါင်းများစွာတန်ပြန်ခံစားရပီး သွေးမျက်ရည်ကျအောင်လုပ်မှာမို့ဖေဖေစောင့်ကြည့်နေပေးပါ..ကျနော်ကတိပေးပါတယ်.အဲ့လိုလုပ်ခွင့်မရသ၍ကျနော်ရောဖေဖေရောအေးအေးချမ်းချမ်းမနေနိုင်တာမို့ကျနော်သေချာပေါက်ဖေဖေ့အတွက်တရားမျှတမှုရစေဖို့ဖေဖေအေးအေးချမ်းချမ်းအနားယူနိုင်ဖို့ကျနော်ကြိုးစားပါ့မယ်."

ပြောနေရင်းနဲ့ပင် မျက်ရည်ပူများမရပ်မနားကျဆင်းလာလေသည်။ မိုးများသဲမဲစွာရွာနေသည်မို့ မျက်ရည်များသည်လည်းမိုးရေနဲ့အတူရောနှောကာပါးပြင်နုနု‌ပေါ်မှတဆင့်မြေပြင်ပေါ်သို့..

You've reached the end of published parts.

⏰ Last updated: Sep 05, 2023 ⏰

Add this story to your Library to get notified about new parts!

What's Wrong Between UsWhere stories live. Discover now