အခန်း - ၆၂
Lighthouse Of Love 💜 အချစ်မီးပြတိုက်လေး"ဦး လွန်းငယ်ကိုငါးကြီးက ကပြနေတယ် မချက်တော့ဘူး kitchen ထဲပဲ မှာလိုက်မယ်လေနော်"
"ဟားဟား...ငါးကြီးကဘယ်လို ကပြတာလဲကွ ပြောပြပါအုံး"
"ငါးကြီးကအရှင်ကြီးဦးရဲ့ တွန့်လိမ်ပြီးကပြနေတာမသတ်ရဲဘူး"
ခလေးအပြောကြောင့် ဥဿာကျိတ်ရယ်သည်။ မနက်ထဲက စွပ်ပြုတ်လုပ်တိုက်မယ်ဆိုပြီး မီးဖိုထဲဝင်နေတာကို ယခုထိငါးက ဘာမှမလုပ်ရသေးဘူးတဲ့လေဗျာ။ ပြောပုံလေးကိုက ချစ်စရာကောင်းသည့်ခလေးကို ဘယ်သူမှမမြင်အောင် သူ့ရင်ဘက်ထဲမှာ အလုံပိတ်ထားပြီး သိမ်းထားချင်လှသည်။
"ရပါတယ်ဗျာ kitchen ထဲပဲ ကိုယ်မှာလိုက်မယ်"
"အွန်း"
အနာရှိန်ကြောင့်ဖျားနေသည့်ဦးက ရပါတယ်သာပြောတာ ကိုယ်ပူမကျသေးသည်မို့ လွန်းငယ်ဦးကြိုက်သည့် ငါးစွပ်ပြုတ်လေးလုပ်တိုက်မည်ကြံ၍ kitchen ထဲကငါးလှမ်းတောင်းလိုက်ခြင်း။ ဒါကိုအရှင်ကြီးပေးလိုက်သည်ကြောင့် လွန်းငယ်မကိုင်တတ်ပဲ အခက်တွေ့နေရခြင်းဖြစ်သည်။
"နာနေသေးလားဟင်"
"မနာတော့ဘူးခလေး ကိုယ်ဘာမှမဖြစ်ပါဘူးကွ ခလေးမစိုးရိမ်နဲ့နော်"
"စိုးရိမ်တာပေါ့ နံရံကအမာကြီးကို ဦးရဲ့လက်ကျိုးသွားရင်ဘယ်လိုလုပ်မလဲ နောက်အဲ့လိုမလုပ်ရဘူးနော် လွန်းငယ်အဲ့လိုကြီးမကြိုက်ဘူး"
"ဟုတ်ပါပြီဗျာ နောက်မလုပ်တော့ဘူးဟုတ်ပြီလား"
"ဟုတ်"
နေ့လည် ၂ နာရီခန့်တွင် ခလေးနှင့်အတူအခန်းထဲ ဇာတ်ကားကြည့်နေခိုက် တံခါးလာခေါက်သည်ကြောင့် ဥဿာတံခါးသွားဖွင့်လိုက်သည်။
"ခေါင်လွင် ..."
ခေါင်လွင်ရယ်၊ ဇေလင်းရယ် အခြားအမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက် ပေါင်းလေးယောက်ကအခန်းရှေ့တွင်ဖြစ်သည်။
*ခွပ်...*
"မင်းငါ့ညီမကိုဘာလုပ်လိုက်တာလဲ မင်း. ."
*ခွပ်....*
"မင်းကရော ဘာလို့ခလေးကိုဖွက်ထားရတာလဲခေါင်လွင် ဟမ်..."
YOU ARE READING
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်