•𝐖𝐚𝐢𝐭𝐢𝐧𝐠•

331 36 5
                                    

လေလေးတဖြူးဖြူးနဲ့ညနေခင်းမှာ တံတားလေးမှာဆောနူတစ်ယောက်ထုံးစံအတိုင်း ညနေခင်းဆိုတစ်ယောက်ထဲလာထိုင်နေတာဟိုးငယ်စဥ်ကထဲကတစ်နေ့တာရဲ့အလုပ်တစ်ခုပင်။

ဆောနူအိမ်ကလူတွေကမေးတယ် ဘာလို့နေ့တိုင်းအဲ့တံတားနားပဲသွားထိုင်နေရတာလဲသားရယ်ဆိုတော့

"ငယ်ငယ်ကစိတ်ခနနကောက်တဲ့အချိန်‌တွေဆိုဒီတိုင်းသွားထိုင်တာကနေ ကြာလာတော့သဘောကျတဲ့နေရာလေးဖြစ်လာတာ နေဝင်သွားတာလေးရယ် ဘေးမှာလဲအပင်လေးတွေနဲ့ သားကိုစိတ်သက်သာရာရစေတယ်"တဲ့လေ။
ထိုတံတားလေးဟာလူသိပ်မရှုပ်ပင် သူတို့နေရာကမြို့သေးလေးဖြစ်တာကြောင့်လဲပါမယ်။

အခုကအိမ်နဲ့စိတ်ကောက်၍လာချင်းပင်ဖြစ်တယ် စိတ်ကောက်တာကလဲအကျင့်တစ်ခုဖြစ်လို့သိပ်စိတ်ပူရန်တော့မလိုပါ ဝမ်းနည်းလွယ်ပြီး ‌နဲနဲပြောရသေးရင်ကိုစိတ်ကောက်တတ်သူဖြစ်၏။
စိတ်ကောက်ပြီဆိုလဲဒီကိုပဲလာထိုင်နေဖြစ်တာ ဆောနူကသူ့အတွက်စိတ်သက်သာရရတဲ့ ဒီထိုင်နေကြတံတားနားလေးကခုံလေးမှာပဲသူတစ်ယောက်ထဲထိုင်နေတယ် နဲနဲလဲမိုးချုပ်လာပြီဖြစ်တာကြောင့် အရင်အခါတွေလိုပင်သူအိမ်ပြန်ပြီးစိတ်ဆိုးပြေဖို့အချိန်ရောက်တော့မည်။

သို့သော် ဒီနေ့ကတော့သူ့ကံကြမ္မာကပြောင်းလဲလာတယ်။
အရင်ကဒီချိန်လောက်ဆိုဘယ်သူမှလာခြင်းမရှိ သူတောင်ပြန်တော့မယ့်အချိန်ရောက်ပြီ။
ပြန်မယ်လုပ်နေတဲ့ ထိုအချိန် သူ့ရှေ့ကိုလူတစ်ယောက်လာရပ်တော့ ရှေ့ဆက်ဖို့တန့်သွားတယ်...
‌ထိုလူ၏မျက်နှာကိုကြည့်လိုက်တော့ မျက်လုံးလေးကလည်ကလည်နှင့်ပင်ငေးကြည့်နေမိတယ် ဆောနူစိတ်ထဲတွင်
*ကျွန်တော်မွေးကထဲကဒီလောက်ချောတဲ့သူမတွေ့ဖူးပါ အဲ့လောက်ကြိီးလဲမဟုတ်တာလားမသိပေမယ့် ကျွန်တော့ရင်တွေအတိုင်းအဆမရှိခုန်နေတာ*

........

"ဟို... ဆောနူရှီးလားမသိဘူးဗျ"

"........."

"ဒီမှာဗျ မဟုတ်ဖူးထင်တယ်"

"မဟုတ်ပါဘူး အယ်မှားလို့ ဟုတ် ဟုတ်ပါတယ် ကျွန်တော်ဆောနူပါ"

𝐖𝐚𝐢𝐭𝐢𝐧𝐠Where stories live. Discover now