Part 9.2

440 48 5
                                    

Unicode Version

အားလုံးပါးစပ်အဟောင်းသားနဲ့ ဖြစ်စေသည်က ရွာကိုဒုက္ခပေးနေသည် ဆိုသည့် မကောင်းဆိုးဝါးက နေ့ခင်းကြောင်တောင် ရွာထဲ ဝင်ချလာခြင်းဖြစ်သည်။

တရွာလုံးလဲရှိသလို ကျော်ဇော တို့လဲရှိနေသည်။ လက်နှစ်ဖက် နောက်ပစ်ပြီး ရွှေရုပ်ဘေးတွင် ရပ်နေသည့် ထိုသူကို အားလုံးက ကြောက်လဲကြောက်သလို စိတ်လဲဝင်စား နေသည်။

သက်လျာ က လူအုပ်ထဲမှ ပြေးလာပြီး ရွှေရုပ် ရှေ့သို့ ရောက်လာသည်

"နင်တကယ်ပြန်လာတယ် ၊ ငါထင်ထားသလိုပဲ နင်တကယ်ပြန်လာတယ်နော်"

ရွှေရုပ် ခေါင်းညိတ်ပြသည်။ သက်လျာ သူမလက် နှစ်ဖက်ကို ဆုတ်ကိုင်ရင်း ဝမ်းသာ အာရ ဖြစ်နေသည်။ လက်မှ ဒဏ်ရာကို တွေ့တော့ ရွှေရုပ်က

"ပွန်းပဲ့ထားတာပဲ ဘာမှမဖြစ်ဘူး"

‌သက်လျာ သက်ပျင်းဖွဖွ ရှိုက်ကာ ဘေးနားက သူကို လှည့်ကြည့်သည်။ အလ်ခါ ပြုံးပြ တော့ သက်လျာ ခေါင်းအသာ ညိတ်မိသည်

"ကျေးဇူးပါပဲ အကို ကတိတည်ပေးလို့"

ရွှေရုပ် မျက်မှောင်ကုတ်သွားသည်။ သက်လျာ နဲ့ ဒီအကိုနဲ့က အဆက်အသွယ်ရှိ နေတာလား။ သူဘာဆိုတာ သိနေတော့ ရွာသူရွာသားတွေ ရပ်ကြည့်နေရုံသာ တက်နိုက် သည်။

ကျော်ဇော နှင့် ဇွဲမြတ် တို့နှစ်ယောက်ကတော့ ထိုသူကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

"သူ့ကြောင့့်လဲ ပါတယ်၊ အကို ပြောချင်တာကို သူနားလည် တဲ့အတွက် အဆင်ပြေပြေ ဖြစ်သွားတယ်၊ ညီမနဲ့ ခဏ စကားပြောလို့ရမလား"

သက်လျာ ညင်းစရာ အကြောင်းမရှိ။ ရွှေရုပ်ကို ပြန်ခေါ်လာပေး နိုင်ကတဲက တကယ်ကို လေးစားနေပြီ။ အရင်တခါတွေ့ခဲ့ ရသည့် သူနဲ့ဆီနဲ့ ရေလို ကွာခြားနေတာ နှစ်ကြိမ်ကြုံဖူးသူ သိလိမ့်မည်။

သူကြီးက အေးအေးလူလူသာ ကြည့် နေသည်။ ရွာကို အန္တရာယ်မပေးဘူး မဟုတ် လား၊ အဆင်ပြေပါသည်။

ဒီရွာကနေ ထွက်သွားနိုင်မယ်ါ နညး်လမ်းဆိုတာရှိအုံးမှာပါ။ ထိုစဉ်ပဲ သူ့ကို လှမ်းကြည့် လာသည့် ထိုသူကြောင့် သူကြီး ကျောချမ်းသွားသည်။

အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)Tahanan ng mga kuwento. Tumuklas ngayon