I

248 11 9
                                    

ဆွဲလက်စကင်းဗတ်စပေါ်က အမျိုးသားတစ်ဦးသည်
အညိုရောင်ဆံနွယ်များနှင့် ခြေချိတ်ထိုင်နေဟန်ဖြစ်သည်။ပန်းချီကားချပ်ပေါ်မှာ ထင်ထင်ရှားရှားပေါ်လွင်နေသည့် ဘားခို့မြတ်နိုးရသောဒါလင့်ရဲ့မျက်နှာအစိတ်အပိုင်းများအား သဘောတကျကြည့်ရင်းစုတ်ချက်များကိုပွတ်ဆွဲလိုက်သည်။

နောက်ဆုံးတစ်ချက်ဆွဲပြီးသည့်နောက်ပြီးဆုံးသွား
သည့် ဒါလင့်ပုံအားကြည့်ရင်းဘားခို့မျက်နှာပေါ်မှာခပ်ရေးရေးအပြုံးလေးပေါ်လာခဲ့သည်။

1975ခုနှစ် Maryvalleyမှာ တွေ့ခဲ့တဲ့ဒါလင်ဟာ ကုတ်အညိုနဲ့ယောကျာ်းဆန်စွာကြည့်ကောင်းနေခဲ့၏။အနုပညာတွေဖန်တီးရတာကြိုက်တဲ့ ဘားခို့အတွက် ဒါလင်ဟာ ဘားခို့ဘဝမှာအလှပဆုံးအနုပညာတစ်ခုဖြစ်ခဲ့ပါသည်။

စီးကရက်အား မီးညှိကာ တစ်ချက်ရှိုက်ရင်း အတွေးများသည်အတိတ်သို့ပျံ့လွင့်သွားခဲ့သည်။

_______________________________________

1975ခုနှစ်-

Cafeဆိုင်ထဲတွင်ထိုင်ရင်း အပြင်မှာလှုပ်ရှားသွားလာနေကြသောသူများအားကြည့်နေမိသည်။ လူတွေရဲ့ဘဝတွေသက်ဝင်လှုပ်ရှားပုံကအမျိုးမျိုးရှိကြသည်မဟုတ်လား။ဘယ်လောက်စိတ်ဝင်စားစရာကောင်းလိုက်သလဲ။ လူတစ်ယောက်နဲ့တစ်ယောက်ဘဝတွေမတူညီသလို ဝါသနာတွေလည်းတူညီကြမည်မဟုတ်။

ဘားခို့လိုပေါ့။မိဘတွေသဘောမတူတဲ့ အနုပညာအားရွေးချယ်ခဲ့သလို။မာမီတို့ဘာလို့အနုပညာကိုသဘောမကျလဲဘားခို့နားမလည်နိုင်။အနုပညာကပေးတဲ့ပျော်ရွှင်မှုကဘာနဲ့မှမလဲနိုင်မှန်းမာမီတို့မသိကြ။ ဒီလောကဟာအနုပညာရှိလို့သာအရောင်အသွေးစုံလင်နေတာဖြစ်သည်။ ဘားခို့ဖြင့်တော့ ပန်းချီဆွဲနေရတဲ့အချိန်ကိုသိပ်သဘောကျတာပဲ။ဆေးစက်လေးတွေနဲ့ပန်းချီကားတစ်ချပ်ဖန်တီးနေချိန်မှာ ဆေးစက်လေးတွေဟာသွေးကြောထဲထိကခုန်နေသယောင်။

မာမီတို့သဘောမတူလို့လည်း ဘားခို့ဟာမွေးရပ်မြေနဲ့ဝေးကွာတဲ့ MaryValleyထိရောက်လာခဲ့ခြင်းဖြစ်သည်။ MaryValleyဟာ သာယာတဲ့နယ်မြို့လေးဖြစ်ကာ အနုပညာအငွေ့အသက်နှင့်ပြည့်နှက်နေသည်။ ဘားခို့အတွက်တော့ MaryValleyသည် နတ်ဘုရားမြို့လို့ပင် အမည်တပ်ချင်သည်။ MaryValley မှာ ရှေးဟောင်းပန်းချီလက်ရာတွေရှိသည်။ နာမည်ကျော်ကြားခဲ့သည့် ပန်းချီပညာရှင်များနေထိုင်ခဲ့ဖူးသည့်နေရာဖြစ်သည်။ပြီးတော့ ကျောက်ဆောင်တွေကြားမှာရှိခဲ့တဲ့ အရင်တုန်းကမျိုးဆက်တွေရေးဆွဲခဲ့ကြသည့် ပန်းချီတွေကိုရှာတွေ့ခဲ့သော Maryဆိုသည့်အမျိုးသမီးနေထိုင်ခဲ့သောနေရာဖြစ်သည်။ ထိုအမျိုးသမီးကိုအစွဲပြု၍ ဤမြို့အား MaryValley ဟုအမည်ပေးခဲ့ခြင်းဖြစ်သည်။

𝑺𝒖𝒎𝒎𝒆𝒓 𝒘𝒊𝒍𝒍 𝒌𝒆𝒆𝒑 𝒐𝒖𝒓 𝒍𝒐𝒗𝒆 𝒇𝒐𝒓𝒆𝒗𝒆𝒓 Where stories live. Discover now