PART 2

3K 36 0
                                    

VIOLATION ( PART - 2 )
_______________________

လက်မှနာရီအားပင့်ကြည့်ကာ တစ်ပိုင်းတစ်စသောအတွေးများအားခါထုတ်ရင်း
"ဘာအရောင် ကြိုက်လဲ‌ အနုအရင့်ပါခွဲပြော။
အဲ့ခုံပေါ်ကထပြီးဒီဘေးလာထိုင်ပြီးကြည့်ပြောလို့ရတယ်။"

ပြောပြောဆိုဆိုပင် Y ထိုင်ခုံခြေရင်းဘက်ထောင့်အားလက်ဆွဲတော်ကြိမ်လုံးဖြင့်ညွှန်ပြရင်းအကဲခတ်နေလိုက်သည်။
ထားY၏ ရည်ရွယ်ချက်ကိုမသိသော်ညားသူမညွှန်ပြသောထိုနေရာတွင်ပုဆစ်ဒူးတုတ်ထိုင်ကာသူမမျက်နှာအားမော်ကြည့်ရင်း
"ထား... အဖြူရောင်၊ကြက်သွေးရောင်၊မီးခိုးရောင်နဲ့သမင်မွှေးရောင်တွေကိုအများအားဖြင့်ရွေးချယ်မိပေမယ့်၊ထားအဖြူရောင်ကိုအကြိုက်ဆုံးပါ။"

ထားအဖြေအားကြားပြီးနောက်
(ချီးပဲ၊သောက်ကျိုးနဲ့အဖြူရောင် လာပြန်ပြီ ဒီအဖြူသမားတွေနဲ့ငါမပက်သက်ချင်ဘူး။
ပြီးတော့ ဒါကရိုးရိုးအဖြူတစ်ခုတည်းမဟုတ်ဘူးခပ်ကြမ်းကြမ်းအဖြူTypeပဲ ဟူး...)
ဟုအတွေးထဲ၌ညီးတွားပြီးနောက်ပုံမှန်မျက်နှာထားအတိုင်းပင်နေရင်း
"ဘဝမှာတစ်စုံတစ်ခုတည်းကိုရယူရမယ်ဆိုဘာကိုအလိုချင်ဆုံးလဲ?
နာကျဉ်းမုန်းတီးဆုံးကဘာဖြစ်မလဲ?"

အမေးစကားအားကြားရပြီးနောက်ထားခေတ္တအတွေးနက်သွားကာ
"အဲ့တာကဘာကိုရည်ညွှန်းထားလဲသေချာမသိပေမယ့်၊ထားဘဝမှာအလိုချင်ဆုံးက အစစ်အမှန်ကိုပါ။နာကျဉ်းမုန်းတီးဆုံးက သစ္စာပျက်တာကိုပါ။"

(အင်း၊ပထမအဖြေကဘယ်အထိသွားလဲမသိပေမယ့်၊ဒုတိယအဖြေကငါနဲ့အတူတူပဲ။မဆိုးပါဘူးကတိသစ္စာတည်မဲ့ပုံပဲ။)
ဟုတွေးကာ
"ဘာကြောင့်ကိုယ်နဲ့ရေရှည် Relationship တစ်ခုကိုတည်ဆောက်ဖို့ရွေးချယ်ချင်ရတာလဲ။ကိုယ်ကတော့အပေးအယူဆန်တဲ့ဒီRelationship မှာ ခံစားချက်တွေပါလာရင် လိုတာထက်ပိုအတ္တတကြီးလိုချင်လာရင်အဆုံးမှာကိုယ်ကပြတ်သားဖို့ဝန်မလေးတတ်ပေမယ့် ခဗျားတော့ခံစားချက်တွေထဲပြိုလဲသွားတဲ့အခါနောင်တမရစေချင်ဘူး။"

"ဒါက..."
(ထားအခုအချိန်မှာအမှန်အတိုင်းဖြေရင်သူလက်ခံပါမည်လား။ဟူး...ထားလိုက်ပါတော့။)
"ဒါက၊ထား Yဆီကလိုချင်တဲ့လေးနက်တဲ့အဓိပ္ပါယ်တစ်ခုရှိလို့ပါ။ထားအဲ့လောက်ပဲဖြေပါရစေ။ကျန်တဲ့အရာတွေကတော့ ထား အတွက်အပမ်းမကြီးပါဘူး။ခံစားချက်တွေနဲ့ပြိုလဲမယ်ဆိုတာတော့ဘာကိုဘယ်လိုရည်ညွှန်းချင်လဲမသိပေမယ့်ထားလိုချင်တာကိုကိုယ်တိုင်သေချာသိတဲ့အတွက်နောင်တဆိုတာတော့ရှိလာမယ်မထင်ဘူး။"

VIOLATION & ချိုးဖောက်ခြင်းWhere stories live. Discover now