PART 9

1.1K 17 0
                                    

VIOLATION ( PART 9 )
______________________

ဒေါသကို ဝုန်းဒိုင်းကြဲခြင်းဖြင့်သာပြခဲ့ပြီးနောက် ရေပြန်ချိုးကာအဝတ်အစားလဲ၍အိပ်ပြစ်လိုက်တော့သည်။
အိပ်ယာနိုးလာသောအခါအတော်ညနေစောင်းနေကြောင်းသတိထားလိုက်မိသည်။
ထို့ကြောင့်အိမ်အောက်ထပ်သို့ဆင်းကာထမင်းစားရန်သာရည်ရွယ်လိုက်သည်။
"ကလေးဆင်းလာပြီလား။
လာလာ ကလေးဘာစားမလဲ ကြီးမေ ဘာလုပ်ခိုင်းပေးရမလဲ။"

"မ ရောကြီးမေ"

"ထားလေးလား သူအရေးကြီးကိစ္စရှိလို့လွန်ခဲ့တဲ့နာရီပိုင်းလေးတင်ပဲ ရန်ကုန်ကိုချက်ချင်းတတ်သွားတယ်။
ထားလေးက ကလေးကိုဘာနေနေအချိန်မှန်မှန်မနက်စာ နေ့လည်စာ ညစာ မှန်အောင်စားဖို့သတိပေးခိုင်းထားတယ်။စိတ်ဆိုးဆိုးဒေါသထွက်ထွက်စားပါကလေးရာယ်။ထားလေးကစိတ်ကြီးတယ်ကွယ့်။သူပြောတဲ့အတိုင်းမလုပ်နိုင်ကြရင်ကြီးမေကကိစ္စမရှိပေမယ့်ဒီကကလေးတွေမသက်သာလှဘူးကွယ်။"

"ကြီးမေ တို့အဲ့တာဘာလို့မတိုင်တာလဲ။ဒါအိမ်တွင်းအကြမ်းဖက်မှုမြောက်တာပဲမလား။"

"ထားလေးကစိတ်သာကြီးတာအတွင်းသဘောလေးကကောင်းပါတယ်ကွယ်။ဒီကလေးမတွေကထားလေးဘယ်လိုဆိုးဆိုးထားလေးသူတို့မိသားစုကိုပြန်ကြည့်တာတွေ သူတို့အပေါ်ကောင်းတာတွေလက်တွေ့သိနေကြတော့မတွန်လှန်နိုင်ကြဘူးကွယ်။လစာဆိုလဲတခြားမှာလုပ်ကြရတာရဲ့3/4ဆရတာမျိုးဆိုတော့ မိသားစုကြီးတဲ့ကလေးမတွေမို့ တစ်ယောက်သည်းခံနိုင်ရင်အကုန်အဆင်ပြေကြတယ်လေ။တစ်ကယ်တော့ထားလေးဘဝလဲသနားစရာပါကွယ်။သူ့ငယ်ဘဝမှာဘာမှကိုလိုလေသေးမရှိနေခဲ့ရပေမယ့် သိတတ်လာတဲ့အချိန်မှာတော့ထားလေးရဲ့မေမေသခင်မလေးဆုံးတော့ထားလေးလဲ ပေတရကံဖြစ်သွားတယ်။ထားလေးဖေဖေသခင်ကြီးကလဲထားလေးကိုဂရုမစိုက်နိုင်ပဲအလုပ်တွေချည်းဖိလုပ်နေရတော့ထားလေးကအရာရာပြည့်စုံပေမယ့်သိတတ်စအရွယ်မှာမိဘမေတ္တာဆိုတာမခံစားနိုင်ခဲ့ဘူးလေ။ပိုဆိုးတာက သခင်ကြီးကထားလေးလောက်လောက်လားလားအရွယ်မရောက်ခင်မှာဆုံးပါးသွားခဲ့တော့ငယ်ငယ်ရွယ်ရွယ်နဲ့ထားလေးကသူ့ဘာသာပဲရုန်းကန်ခဲ့ရတာ။
သခင်ကြီးရဲ့လူယုံတွေသစ္စာဖောက်တဲ့ဒဏ်ခဏခဏလိမ်လည်လှည့်ဖျားခံရတာတွေများလာတော့ထားလေးကအတိအကျအတိမ်းအ‌စောင်းမခံတတ်တဲ့မပြင်သွေးအေးပြီးရက်စက်တတ်သွားတယ်။တစ်ကယ်တော့လူတစ်ယောက်သွေးအေးတယ်၊ရက်စက်တယ်ဆိုတာ လူမှုပတ်ဝန်းကျင်နဲ့လဲအနဲနဲ့အများဆိုင်တာပေါ့ကလေးရာယ်။"

VIOLATION & ချိုးဖောက်ခြင်းWhere stories live. Discover now