SeungMin POV :
ဒီနေ့ရဲ့မနက်ခင်းလေးက အရမ်းလှပပြီးပြီးပြည့်စုံနေသလိုပဲ ဒီနေ့ပဲလားဆိုတော့ .... မဟုတ်ဘူးဗျ
ကျနော့်ရဲ့မနက်ခင်းတိုင်းကလှပပြီးပြီးပြည်စုံနေတာပါ ကျနော်တစ်ယောက်တည်းတော့ အဲ့လိုခံစားရတာဘယ်ဟုတ်ပ့ါမလဲ 'ကျနော်နဲ့အတူနိုးထခွင့်ရတဲ့မနက်ခင်းတိုင်းက သူ့အတွက်လှပပြီး ပြီးပြည့်စုံလွန်းတယ်'ဆိုတဲ့ ကျနော့်ရဲ့ ခင်ပွန်းကြီးရောပါတာပေါ့......ခများတို့အချစ်ဆိုတာကိုဘယ်လိုခံယူချက်လို့ထင်လဲဟင်? ကျနော့်လိုမျိုး ကျနော့်ရဲ့အဲဒီ့အချစ်ကိုရရှိထားတဲ့လူကသာ ကျနော့်အတွက်အရာရာဖြစ်နေတဲ့ခံစားချက်မျိုးရောရှိဖူးကြလား.....
ကျနော်ကတော့ အဲဒီ့လူကြီးနဲ့စသိပြီးတဲ့အချိန်ကစပြီး ကျနော့်ဘဝကြီးတစ်ခုလုံးကို အဲလူကြီးဆီပုံအပ်ထားမိတာပေါ့
ကျနော်တက္ကသိုလ်ပထမနှစ်စတက်တဲ့အချိန်တုန်းက စာဂျပိုးဗျ စကားနည်းပြီးတည်ငြိမ်တဲ့ကျနော့်အတွက်တော့ သူငယ်ချင်းနှစ်ယောက်ကလွဲရင် အပေါင်းအသင်းဆိုတာ ခပ်ရှားရှားပဲ ကျောင်းရဲ့ရေကူးအားကစားပွဲတစ်ခုမှာ ကျနော့်ရဲ့တလွဲလုပ်တက်တဲ့အကျင့်ကြောင်း အသက်ပျောက်သွားပြီထင်ရတဲ့အထိ ပြဿနာတက်ဖူးခဲ့တယ် အဲ့အချိန်မှာပဲ အဲလူကြီးနဲ့စသိခဲ့ရတာပေါ့ အရာရာတိုင်းမှာတိကျသေချာမှုရှိပြီး အေးတိအေးစက်ပုံစံမျိုးလို့ထင်ရပေမဲ့ စိတ်ထားနူးညံ့ပြီး ဂရုစိုက်အလေးထားတက်တဲ့ သူ့ရဲ့အတွင်းစိတ်လေးကြောင့်ပဲ ကျနော်သူ့ကိုနှစ်နှစ်ကာကာချစ်မိသွားခဲ့တာပေါ့
ကျနော့်အတွက်အမြတ်နိုးရဆုံး အပြုအမှုလေးတစ်ခုကတော့ အဲဒီ့လူကြီးရဲ့နွေးထွေးတဲ့ Back Hug လေးပဲပေါ့
ပြောရင်းဆိုရင်းရဲ့ သူ့ရဲ့အနောက်ဘက်ကနေ
နွေးထွေးတဲ့တစ်စုံကတင်းကြပ်စွာဖက်လာပြီးးး
ရင်ခွင်အကျယ်ကြီးထဲကိုဆွဲထည့်ကာ ထွက်ပြေးသွားမဲ့သူတစ်ယောက်ကို အတင်းဆွဲထားသလိုပေါ့ နှစ်ယောက်သားပြီးပြည့်စုံတဲ့မနက်ခင်းတစ်ခုမှ ခုံမင်စွာအိပ်ပျော်နေတော့တာပေါ့
YOU ARE READING
Back Hug
FanfictionHyungie နဲ့အတူတူနိုးထခွင့်ရတဲ့မနက်ခင်းတိုင်းက လှပပြီးပြည်စုံလွန်းပါတယ် ဟျောင်းးးးရယ်