Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(66)
သူမ အဖေကိုထူပေးနေတုန်း သော့သံကြားလို့လှည့်ကြည့်လိုက်တော့ ရိတာက သူမကိုအထဲထည့်ပြီးတာနဲ့ သော့ပြန်ခတ်နေတာကိုတွေ့ရတယ်
မုယွမ်ယွမ် ခေါင်းမွေးထောင်ထလောက်အောင်ထိတ်လန့်သွားပြီး အချုပ်ခန်းတံခါးပြန်ပိတ်နေတာကိုတားလိုက်ချင်ပေမဲ့ ရိတာက သော့ကို လှုပ်ရမ်းပြကာ အိတ်ထဲထည့်လိုက်လေတော့တယ်
"နင်! နင်...ဘာလုပ်တာလဲ! "
"နင့်ကိုနင့်အဖေရှိတဲ့နေရာခေါ်လာပေးမယ်လို့ပြောခဲ့တာလေ အခုခေါ်လာပေးတယ်လေ အဲ့တော့ အဲ့လိုခေါ်လာပေးတဲ့အဖိုးအခအနေနဲ့ ငါနင့်ကိုပြန်ဖမ်းတယ်လေ တရားပါတယ် မဟုတ်ဘူးလား"
"နင်! နင်! "
ရိတာက ဘာမှပြန်မပြောနိုင်ဖြစ်နေတဲ့မုယွမ်ယွမ်ကိုကြည့်ကာ ဘယ်အချိန်တုနး်ကထုတ်လာမှန်းမသိတြဲမီးခြစ်ကိုပြသလာပြီးကစားပြနေပြန်တယ်
အဲ့တော့မှ မုယွမ်ယွမ်သိတယ် ရိတာက သူမကိုအသေသတ်ချင်နေတာပဲ
"ငါကြမ်းပြင်မှာ ဓာတ်ဆီတွေလောင်းထားပြီးသား တချက်လေး
ခြစ်လိုက်တာနဲ့ နင်တို့သုံးယောက်လုံးကဖုတ်ပြီးကင်ပြီးပြာပါဖြစ်သွားမှာ ဘယ်လိုလဲ ငါလူသားကိုကြိုက်ပေမဲ့ နင့်အသားကို ဘယ်လိုအရသာရှိလဲလို့မြည်းလို့မရတော့တာကိုတော့ တကယ်ဝမ်းနည်းမိတယ် အာ ရှောင်ရိကိုတော့ ငါပဲယူလိုက်မယ်နော် ပြီးတော့ နင် မီးလောင်သေသွားလို့လဲ ငါ့ကိုအညိုးတကြီးဖြစ်မနေနဲ့နော် ဘာလို့လဲဆိုတော့ ရှောင်ရိက နင့်ကို လွန်လွန်ကျူးကျူးကို စွဲစွဲလန်းလန်းဖြစ်စေခဲ့တာကြောင့် နင့်ကိုယ်နင်ပဲအပြစ်တင်လိုက်တော့ ""နင် လူယုတ်မာမပဲ နင် ငါမရှိလဲ မင်းထျန်းကို ရမယ်မထင်နဲ့ "
"ဟားဟားးဟား ငါအများကြီး မတောင့်တပါဘူး နင့်ကိုပဲမေ့ခိုင်းလိုက်မှာ ဒါဆိုရင် ဗလာဖြစ်သွားတဲ့သူ့နှလုံးသားကို ငါကအလွယ်လေးပဲ အနိုင်ယူလိုက်မှာပေါ့ "
"နင် နင်ဘာတွေလုပ်ဖို့ကြံနေတာလဲ"
"ငါ? ငါလား? ရှောင်ရိကို ဆေးပဲတိုက်လိုက်မှာပါ ရူးသွပ်သွားပြီးနင့်ကိုမေ့သွားမှပြန်ကုပေးလိုက်မယ် ဒါဆို ငါကိုသူ့အသက်သခင်ကျေးဇူးရှင်အနေနဲ့ယုံကြည်ပြီး တနေ့ကျ ငါ့ကိုပြန်ချစ်လာမှာပဲ "

YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...