Unicode....
ဆေးရုံကဆင်းလာပြီးနောက်ပိုင်း
သူတို့နှစ်ယောက်ကြားမှာ အများကြီးပြောင်းလဲသွားတယ်။
ဥပမာ သူလုပ်ပေးတဲ့မနက်စာကို စားသွားမျိုး အလုပ်ထဲထမင်းချိုင့်ထည့်ပေးရင် မယူဘူးလို့ပြောမဲ့အစား
ယူပြီးကျေးဇူးပါဆိုပြီး ပြောသွားတာမျိုး ......
အထူးခြားကတော့ သူကိုရန်သူလိုသဘောထားနေခဲ့တဲ့
ဂျောင်ဂုဟာ ဆေးရုံမှာထဲက သူ့အပေါ်သိသိသာသာ
ပြောင်းလဲလာတယ် အရမ်းလည်းဂရုစိုက်လာတယ်
အလုပ်ကပြန်လာတိုင်း သူကြိုက်တတ်တယ့် မုန့်လေးတွေလည်း အမြဲ၀ယ်လာတတ်တယ်..."ကြည့်ရတာ မေတ္တာဆိုတာ အသွားအပြန်ရှိတယ်ထင်ပါရဲ့"
သူတီးတိုးစွာရေရွတ်လိုက်မိသည်။
ဘာပဲဖြစ်ဖြစ် ဂျောင်ဂုသူ့ကိုမချစ်နိုင်သေးရင်တောင်
ဒီအခြေအနေလေးနဲ့တင် သူကျေနပ်မိပါတယ်..."တီ...တီ.."
သူအတွေးကမ္ဘာထဲ နစ်မျောသွားတာ ဘယ်လောက်ကြာသွား
လဲမသိ ဂျောင်ဂုရဲ့ ကားသံကြားမှ အသိ၀င်လာသည်။
နံရံပေါ်က တိုင်ကပ်နာရီလေးကို ကြည့်လိုက်တော့
8ဆိုတဲ့ ကိန်းဂဏန်းကို ညွှန်ပြနေပြီ ။
ဒီနေ့အများကြီးနောက်ကျတာပဲအိမ်ထဲ၀င်လာတဲ့ဂျောင်ဂုဟာ အရမ်းပင်ပန်းနေပုံရတယ်။
ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်၀င်ထိုင်ပီး
necktie ကိုဖြတ်သလိုချွတ်ကာ ဆိုဖာအမှီပေါ်
ခေါင်းတင်ပြီး မျက်လှံးတွေကိုမှိတ်ထားသည်။
သူလည်း အလိုက်သတိနဲ့ မီးဖိုချောင်ထဲ၀င်ပြီး သံပုရာရည်
တစ်ခွက်ဖျော်ခဲ့လိုက်တယ်....."ဂျောင်ဂု အဆင်မပြေတာရှိလို့လား ဒီနေ့အရမ်းပင်ပန်းတဲ့ပုံပေါက်နေလို့...."
သူပြောလိုက်တော့ မျက်လုံးလေးဖွင့်လာပီး သက်ပြင်းကြီးကြီး တစ်ခုကိုချပြီး
"ဟုတ်တယ် ဂျင် ဒီနေ့ မနက်ဖြန်တင်ပြရမယ့်
project တစ်ခု error တက်ပြီးပျက်သွားလို့
ဒီနေ့အပြီးလက်စသတ်မှ ဖြစ်မှာ""အရမ်းကြီး စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါဂျောင်ဂုအတွက် သံပုရာရည်ဖျော်လာတယ် သောက်လိုက်နော်...."
သူကမ်းပေးတဲ့ခွက်ကိုကိုင်ပြီး တစ်ခါတည်းကုန်အောင်သောက်လိုက်တဲ့ ဂျောင်ဂုဟာ..အလွန်ပင်ပန်းနေဟန်.....
YOU ARE READING
အချစ်လား....သူပေါ့
FanfictionJk- မောင်မင်းကို အရမ်းချစ်တယ် ဂျွန်ဆော့ဂျင် Jin- အွန်း ငါယုံတယ်မောင်