မင်းဖန်ဆင်းတဲ့ရင်ခုန်သံ ၁

16 1 0
                                    


" ငါမလုပ်နိုင်ဘူး။မင်းကလည်း တခြားတခုခုအကူအညီတောင်းစမ်းပါ "

" ၁၀ နှစ်ကြာခင်ခဲ့တဲ့ သံယောဇဥ်လေးကိုထောက်ပြီးတော့ကူညီပေးပါ သွေး
ရာ "

" ငါတို့မှာ မိန်းကလေးသူငယ်ချင်းတွေရှိနေတာပဲ။သူတို့ကို အကူအညီတောင်းလို့ရနေတာပဲကို "

" မရတော့ဘူး "

" ဘာလို့လဲ "

" ငါ သူ့ကိုမင်းဓာတ်ပုံပြပြီးသွားပြီ "

" ပြောစရာ စကားမရှိတော့ဘူး။ဘာလို့ ငါ့ပုံကိုပြလိုက်ရတာလဲ "

" သူနဲ့စကားပြောနေတုန်း မင်းဖုန်းဝင်လာတာနဲ့ငါလည်း မင်းကိုပြောမိလိုက်
တာ "

" အဲ့အချိန်မှရွေးပြီးဖုန်းခေါ်မိတဲ့ ငါပဲမှားပါတယ် "

" ပြီးတာ့ မင်းကိုရွေးလိုက်တာအကြောင်းပြချက်လည်းကောင်းတယ်လေ "

" ဘယ်လိုကောင်းတာလဲ "

" ငါကယောင်္ကျားလေးတွေပဲ သဘော ကျတာမို့သူနဲ့မတွဲနိုင်ဘူးဆိုပြီလေ "

" တော်တော် ရွှေဥာဏ်တော်စူးရောက်တာပဲ "

" ငါလည်း သူ့ကိုဘယ်လိုငြင်းရမှန်းမသိတော့ဘူး။ယွန်းဝတီက အရာရာမှာပြည့်စုံပြီးတကယ်တော်တဲ့မိန်းကလေးမှန်း ငါသိပါတယ်။ပြီးတော့ ငါ့မားသားကြီး
ကလည်းဇွတ်တွေ သဘောတူနေတာ ......ဒါပေမဲ့ "

" ဒါပေမဲ့ ဘာဖြစ်လဲ "

" ငါသူ့ကို ရင်မခုန်ဘူး "

" တော်တော်ခိုင်လုံတဲ့ အကြောင်းပြချက်ပဲ "

" မင်းအနေနဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ငါ့ကိုတဘဝလုံးစိတ်ဆင်းရဲနေပြီး နေသွားစေချင်လို့လား"

" ငါသေသာ သေလိုက်ချင်တော့တယ်။ငါမင်းကိုကူညီမယ်ထားပါတော့။မင်းပြောတဲ့ လုပ်လိုက်ပြီးရင် မင်းမားသားကြီးကို မင်းဘယ်လိုရှင်းမှာလဲ "

" ငါ အဲ့အတွက်အကုန်စီစဥ်ထားပြီး
သား "

" ကောင်းကင်မာန်....ကောင်းကင်မာန်။ထားပါတော့၊ငါကိုက မင်းနဲ့သူငယ်ချင်းတော်မိတာကို "

မင်းဖန်ဆင်းတဲ့ ရင်ခုန်သံWhere stories live. Discover now