" ငါမလုပ်နိုင်ဘူး။မင်းကလည်း တခြားတခုခုအကူအညီတောင်းစမ်းပါ "" ၁၀ နှစ်ကြာခင်ခဲ့တဲ့ သံယောဇဥ်လေးကိုထောက်ပြီးတော့ကူညီပေးပါ သွေး
ရာ "" ငါတို့မှာ မိန်းကလေးသူငယ်ချင်းတွေရှိနေတာပဲ။သူတို့ကို အကူအညီတောင်းလို့ရနေတာပဲကို "
" မရတော့ဘူး "
" ဘာလို့လဲ "
" ငါ သူ့ကိုမင်းဓာတ်ပုံပြပြီးသွားပြီ "
" ပြောစရာ စကားမရှိတော့ဘူး။ဘာလို့ ငါ့ပုံကိုပြလိုက်ရတာလဲ "
" သူနဲ့စကားပြောနေတုန်း မင်းဖုန်းဝင်လာတာနဲ့ငါလည်း မင်းကိုပြောမိလိုက်
တာ "" အဲ့အချိန်မှရွေးပြီးဖုန်းခေါ်မိတဲ့ ငါပဲမှားပါတယ် "
" ပြီးတာ့ မင်းကိုရွေးလိုက်တာအကြောင်းပြချက်လည်းကောင်းတယ်လေ "
" ဘယ်လိုကောင်းတာလဲ "
" ငါကယောင်္ကျားလေးတွေပဲ သဘော ကျတာမို့သူနဲ့မတွဲနိုင်ဘူးဆိုပြီလေ "
" တော်တော် ရွှေဥာဏ်တော်စူးရောက်တာပဲ "
" ငါလည်း သူ့ကိုဘယ်လိုငြင်းရမှန်းမသိတော့ဘူး။ယွန်းဝတီက အရာရာမှာပြည့်စုံပြီးတကယ်တော်တဲ့မိန်းကလေးမှန်း ငါသိပါတယ်။ပြီးတော့ ငါ့မားသားကြီး
ကလည်းဇွတ်တွေ သဘောတူနေတာ ......ဒါပေမဲ့ "" ဒါပေမဲ့ ဘာဖြစ်လဲ "
" ငါသူ့ကို ရင်မခုန်ဘူး "
" တော်တော်ခိုင်လုံတဲ့ အကြောင်းပြချက်ပဲ "
" မင်းအနေနဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ငါ့ကိုတဘဝလုံးစိတ်ဆင်းရဲနေပြီး နေသွားစေချင်လို့လား"
" ငါသေသာ သေလိုက်ချင်တော့တယ်။ငါမင်းကိုကူညီမယ်ထားပါတော့။မင်းပြောတဲ့ လုပ်လိုက်ပြီးရင် မင်းမားသားကြီးကို မင်းဘယ်လိုရှင်းမှာလဲ "
" ငါ အဲ့အတွက်အကုန်စီစဥ်ထားပြီး
သား "" ကောင်းကင်မာန်....ကောင်းကင်မာန်။ထားပါတော့၊ငါကိုက မင်းနဲ့သူငယ်ချင်းတော်မိတာကို "
YOU ARE READING
မင်းဖန်ဆင်းတဲ့ ရင်ခုန်သံ
RomantizmMain Lead Couple " ငါမင်းကို ချစ်မိနေတာကြာပြီလို့ပြောရင်မင်းဘာလုပ်မှာလဲ" * ကောင်းကင်မာန်* { Age - 26 Occupation - Chef Clothing Style - Freestyle & Well-dressed } " ငါတို့က သူငယ်ချင်းတွေလေ " ...